Saturday, 30 April 2016

ကြက်သွန်နီမီးဖုတ်ထောင်း ငါးပိရည်ဖျော်


ကြက်သွန်နီ မီးဖုတ် ငါးပိရည်ဖျော်နည်းက မာမာ့အမေ အရမ်းကြိုက်တဲ့ ဖျော်နည်းပါ မွှေးပြီးချိုနေတာမို့ ဖျော်စားကြည့်ရအောင် ကြက်သွန်နီ မီးဖုတ် ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံး
  • ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ  - ခပ်သေးသေး ၃လုံး
  • ပုဇွန်လှော် - ၃ကောင်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို အခွံမခွာဘဲ အလုံးလိုက် အခွံများကျွမ်းတဲ့ထိ မီးဖုတ်ထားပါ
  2. မီးဖုတ်ထားသော ကြက်သွန်နီကို ရေထဲခနအေးအောင်စိမ်ပြီး အခွံကို ခွာထားပါ
  3. ပုဇွန်ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် လှော်ကာ အခွံခွာထားပါ
  4. ငါးပိရည်ကို ကျိုထားပြီး အရိုးငင်ကာ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
  5. အခွံခွာထားသော ပုဇွန်ကိုအရင်ထောင်းပြီး ကြက်သွန်နီကို မညက်တညက် ထည့်ထောင်းပါ
  6. ထောင်းပြီးသားများနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  7. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ကြက်သွန်နီမီးဖုတ် ငါးပိရည်ဖျော်လေးရပါပြီ။

No comments:

Post a Comment