Tuesday, 12 April 2016

ကြက်သားအာလူးမှုန့်ကြော် ကြွတ်ကြွတ်လေး








အသားစိုစိစိတွေ မစားချင်တိုင်း အခုလိုလေးကြော်ပြီး ထမင်းပူပူလေးနဲ့စားရတာကို တကယ်သဘောကျမိတယ် ဒါပေမဲ့ သူများအသားလေးပါမှ စားချင်စိတ်ပေါ်လာတာတော့ မကောင်းဘူးပေါ့နော် သို့ပေမဲ့လဲပေါ့ မရှောင်နိုင်သ၍ စားနေကြရအုံးမှာပါ။
ကြော်နည်းလေးကတော့ အရင်တခါ ပြည်ကြီးငါးကြော်သလိုလေးဘဲ ကြော်ထားတာပါ။

ပါဝင်ပစ္စည်းများ

  • သန့်စင်ဆေးကြောထားသော ကြက်ရင်ပုံသား - 250g
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ချင်း - လက်တဆစ်ခန့်
  • အာလူးမှုန့် - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးစာ
ပြင်ဆင်ပုံ
  • ရေဆေးကာ ရေခြောက်အောင်လုပ်ပြီး သန့်စင်ထားသော ကြက်ရင်ပုံသားကို အရှည်လိုက် ပုံပါအတိုင်း လက်တလုံးစာလောက် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ်လှီးထားပါ
  • ငရုတ်ကောင်းကို ထောင်းထားပါ
  • ချင်းကိုအခွံခွာပြီး ပုံပါအတိုင်း လှီးပေးပါ
  • အာလူးမှုန့်ကို ပြင်ထားပါ
  • လှီးထားသော ကြက်သားကို ဆား ငရုတ်ကောင်း အာလူးမှုန့်တို့နှင့် ခပ်ဖွဖွ ရောနယ်ပေးပါ
  • ဒယ်အိုးကို အပူပေးပြီး အရသာနယ်ထားသော ကြက်သားကို တခုခြင်း ထည့်ကြော်ပေးပါ
  • တဖက်ကျက်လျှင် တဖက်ကို လှန်ပေးပြီး တခုလုံး ရွှေဝါရောင်သန်းလာလျှင် ဆယ်ထားပေးပါ
  • ကြက်သား ကြော်ထားသော ဆီများကို အိုးထဲမှာ ထမင်းစားဇွန်း ၃ဇွန်းစာလောက်ဘဲ ချန်ထားပြီး ကြက်သွန်ဖြူနှင့် ချင်းကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူနှင့် ချင်းနံ့ သင်းလာပါက ကြက်သားချောင်းကြော်ကို ထည့်မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ ကြက်သားချောင်းကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို နှစ်သက်သလို စားသုံးရန် ပြင်ဆင်ပေးပါ။

No comments:

Post a Comment