Saturday 30 April 2016

ငါးကြော် ငါးပိရည်ဖျော်စပ်စပ်လေး



ငါးကြော်နဲ့ဖျော်တဲ့ ငါးပိရည်ဖျော်လေးက ထမင်းစားလို့ မိန်စေတဲ့အတွက် မည်သည့်ငါးကြော်နှင့်မဆို ဖျော်နိုင်တဲ့ ငါးပိရည် ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ရွှေလံဘိုငရုတ်သီး - ၅တောင့်
  3. သရက်သီးစိမ်း - ခပ်သေးသေး တစ်လုံး
  4. ငါးကြော်  - ခပ်ကြီးကြီးတစ်တုံး
  5. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ငါးကြော်ကို အရိုးထွင်ထားပြီး အနေတော် ဖဲ့ထားပါ
  2. ငရုတ်သီးစိမ်းကို လှော်ထားပါ
  3. လှော်ထားသော ငရုတ်သီးစိမ်းကို မညက်တညက် ထောင်းထားပါ
  4. ငါးပိရည်ကို ကျိုပြီး အရိုးငင်ထားပါ
  5. ထောင်းပြီးသား ငရုတ်သီးစိမ်းနှင့်အတူ ငါးကြော် ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး အိုးတလုံးထဲထည့်ကာ ငပိရည်နှင့် ရေရောပြီး မြုပ်အောင်ထည့်ကာ ကျိုပေးပါ
  6. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေး ရပါပြီ။

No comments:

Post a Comment