Friday, 29 April 2016

ပရှူး ထမင်းကြော်


ဒီနေ့တော့ မိသားစု အရမ်းကြိုက်တဲ့ ပရှူးထမင်းကြော် ကြော်ဖြစ်လို့ အရမ်းစားလို့ကောင်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး တမွှာ
  • ခပ်ပါးပါး လှီးထားသော ကြယ်သီးမှို  - အနေတော် ၅ပွင့်
  • ဘေဘီပြောင်းဖူး - ၃ဗူး
  • ထမင်း - တရုတ်ဟင်းရည်သောက်ပန်းကန် အလတ်တလုံးစာ
  • အနေတော်လှီး ထားသော ဘရိုကိုလီ - ၁၀ခက်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဗီနီကာ ထမင်းစားဇွန်း တ၀က်သာသာ
  • ဆီ - စားပွဲတင်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ပုဇွန်ထုတ် - ၇ကောင်
  • သခွားသီး - ခပ်သေးသေး တလုံး
ပြင်ဆင်ပုံ

  1. ချက်ထားသော ထမင်းကို အအေးခံထားပါ
  2. ပုဇွန်ကို အမြှီး ခေါင်း အခွံများဖယ်ကာ ကြောမှခွဲ၍ အမည်းကြောင်း ထုတ်၍ သန့်စင်ထားပါ
  3. ကြက်သွန်ဖြူကို ခပ်နုတ်နုတ်စဉ်းထားပါ
  4. ကြက်သွန်နီကို ပါးပါးလှီးထားပါ
  5. မှိုကို ခပ်ပါးပါးလှီးထားပါ
  6. ဘရိုကိုလီကို အနေတော် လှီးထားပါ
  7. ဘေဘီပြောင်းဖူးကို လှီးထားပါ
  8. ဗီနီကာကို ပြင်ထားပါ
  9. သခွားသီးကို အနေတော် လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဆီကိုအပူပေးပြီး ဆီပူလာပါ ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းသွားတဲ့ထိကြော်ပေးပါ
  • မှို ဘရိုကိုလီ ပြောင်းဖူးတို့ကို ထည့်ပြီး မိနစ်ဝက်လောက် ကြော်ပါ
  • ပုဇွန်ကို သုံးမိနစ်လောက်ထည့် ကြော်ပေးပါ
  • ပုဇွန်ကျက်သွားပါက ဗီနီကာထည့်ပြီး မိနစ်ဝက်လောက်ကြော်ပေးပါ
  • ပုဇွန် အသီးအရွက်ကြော်များထဲသို့ ထမင်း  ဆား အရသာမှုန့်နှင့် တို့ကို ထဲ့ပြီးမွှေပေးပါ
  • အားလုံး သမသွားပါက ငရုတ်ကောင်းမှုန့်ထဲ့ပြီး မွှေပေးကာ တမိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ သခွားသီးနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment