သတ်သတ်လွတ် စားသူတွေအတွက် အဆင်ပြေစေမဲ့ ဟင်းတမယ်ပါ အသားဟင်းတွေ စားရတာ ရိုးလာပြီဆိုရင်တော့ အခုလို အသီးအရွက်လေးတွေဘက် လှည့်ကြတာပေါ့ရှင်။
ပါဝင်ပစ္စည်းများ
- အကွင်းလိုက်ရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- အနေတော် လှီးထားသော ပန်းဂေါ်ဖီ - ၁၀ခက်
- အနတော်လှီးထားသော တရုတ်မုန့်ညှင်းထုတ် - ၂ရွက်
- လေးစိပ် စိတ်ထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
- အတုံးလေးများ ရအောင် လှီးထားသော မုံလာဥနီ - အနေတော် တဥ
- အနေတော် လှီးထားသော ပဲသီး - ၁ုတောင့်
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း
- ပဲငံပြာရည် အပျစ် ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
- လိုအပ်သော အသီးအရွက်များကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
- ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို မိနစ်ဝက်လောက်ကြော်ပေးပါ
- မိနစ်ဝက်ပြည့်တာနဲ့ ပန်းဂေါ်ဖီ တရုတ်မုန့်ညှင်း မုံလာဥနီ နှင့်ပဲသီးတို့ကို ထည့်ပြီး တမိနစ်လောက် ကြော်ပေးပါ
- တမိနစ်လောက် ကြော်ပြီးတာနဲ့ ပဲငံပြာရည်ထည့်ပြီး ကြော်ပေးပါ
- ကြော်ချိန် တမိနစ်လောက် ရပြီဆိုတာနဲ့ သတ်သတ်လွတ် အစိမ်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ
No comments:
Post a Comment