Saturday 30 April 2016

မကျည်းသီးစိမ်းထောင်း ငါးပိရည်ဖျော်


ဒီတခါတော့ မန်ကျည်းသီးလေးတွေရတာနဲ့ ပုဇွန်ထုတ်ကိုလှော်ပြီး မန်ကျည်းသီးစိမ်းနဲ့ ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ငရုတ်သီးစိမ်း အမှည့်  - စားနိုင်သလောက်
  3. မန်ကျည်းသီးစိမ်း - အတောင့်ကြီးကြီး ၂တောင့်
  4. ပုဇွန်လှော် - ၃ကောင်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. မန်ကျည်းသီးစိမ်းကို အခွံခွာပြီး အစေ့များထုတ်၍ ရေဆေးထားပါ
  2. ပုဇွန်ကို ရေအနည်းငယ်ထည့်ပြီး ပြုပ်လှော်လှော်ကာ ရေခမ်းပါက အခွံခွာပြီး မလိုတာတွေ ဖယ်ထားပါ
  3. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်၍ ကျက်သွားအောင် လှော်ထားပါ
  4. ကျိုထားသော ငပိရည်ကို အရိုးငင်ကာ ပန်းကန်တခုထဲ ထည့်ထားပါ
  5. အခွံခွာထားသော မန်ကျည်းသီးစိမ်းကို အစေ့များထုတ်ပြီး အသားများကို ညက်နေအောင် ထောင်းပါ
  6. ပြီးတာနဲ့ ငရုတ်သီးစိမ်း အလှော်တောင့်များကို ထည့်ထောင်းပါ
  7. အားလဲုး ညက်သွားပြီဆိုတာနဲ့ ပုဇွန်လှော်ကို ညက်အောင်ထည့်ထောင်းပါ
  8. ထောင်းပြီးသားများနှင့်အတူ အချိုမှုန့်တို့ရောပြီး ငပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  9. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ချဉ်ငံစပ် မန်ကျည်းသီးစိမ်း ငါးပိရည်ဖျော်လေး ရပါပြီ။

No comments:

Post a Comment