Sunday 3 April 2016

ဆိတ်သား အစပ်ကြော်


ကြက်သားအမွကြော် ကြော်နည်းအတိုင်း ကြော်ထားတဲ့ ဆိတ်သားအမွကြော်လေးပါ စားမိန်ဟင်းလေး ဖြစ်လို့ မျှဝေလိုက်ပါတယ် ကြော်နည်းအဆင့်ဆင့် ပုံတွေက ကြက်သားအမွကြော်လိုဘဲမို့လို့ မတင်တော့ဘဲ ကြော်ပြီးသား ပုံလေးဘဲ တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - တစ်ကီလို
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. နနွင်းမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်ဖြူ - ၁၀မွှာ
  6. ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
  7. ရေ - 1000 ml
  8. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဆိတ်သားများကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးငါးတုံးကာ ဆား အရသာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ လှီးပေးထားပါ
  • အိုးအသားထူပြီး အောက်ခြေမကပ်သော အိုးထဲမှာ အရသာနယ်ထားသော ဆိက်သားကို ထည့်ပါ
  • ဆိက်သားအိုးထဲ ရေထည့်ပြီး တနာရီခန့် မီးအနေတော်နှင့် အဖုံးအုပ်ပြီး ပြုပ်ပေးပါ
  • ပြုပ်နေတုန်း ဆိတ်သားနူးပြီး ရေမခမ်းခင်အချိန်မှာ ဆိက်သားကို ဇွန်းကြီးကြီးဖြင့် ဖိချေပေးပါ
  • ဖိချေနိုင်လေ ဆိက်သားက မွလေမို့ နာနာဖိချေပေးပါ
  • ဆိက်သားများကျေပြီး မွလာတာနဲ့ ဆီနှင့် ကြက်သွန်ဖြူကိုထည့်ပါ
  • ကြော်နေစဉ် အောက်ခြေမတူးစေရန် မကြာမကြာ မွှေပေးပါ
  • ဆီအမြှုပ်များ ပွတက်လာပြီး ဆိက်သားအနည်းငယ် ကြွတ်လာတာနဲ့ ငရုတ်သီးအကြမ်မှုန့်ကို ထည့်မွှေပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ဆီစစ်ဇကာထဲ ဆယ်ထည့်ပေးပြီး ဆီစစ်ထားပါ
  • ဆီစစ်တာနဲ့ စားသုံးရန် အသင့်ဖြစ်သော ဆိက်သားအမွ အစပ်ကြော် မွှေးမွှေးလေး ရပါပြီ
  • ဆိတ်သားအစား အမဲသား ဝက်သား သိုးသားများကိုလဲ ထိုနည်းအတိုင်း ကြော်စားနိုင်ပါတယ်။

No comments:

Post a Comment