Thursday, 28 April 2016

သံပုယိုသီး သနပ်







အသီးအရွက် သနပ်လုပ်နည်းတွေ များစွာရှိပါတယ် ကိုယ်နှစ်သက်သလို လုပ်ကြတာမို့ နည်းတွေကတော့ တယောက်နဲ့တယောက် မတူကြပါဘူး ဒီနေ့တော့ သံပုယိုသီးသနပ် လုပ်ဖြစ်လို့ အမွှေးနံ့သာ တမျိုးပြောင်းပြီး လုပ်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  • သံပုယိုသီး - ၁၀လုံး
  • ဆား - ထမင်းစားဇွန်းမောက်မောက် ၄ဇွန်းခန့်
  • ဆီ - 450ml
  • Cumin Seeds  - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • Mustard  seeds အစို - ထမင်းစားဇွန်း ၃ဇွန်း
  • Coriander seeds - ထမင်းစားဇွန်း တဇွန်း
  • Mastard seeds - အခြောက် ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်ဖြူ - ၁၀မွှာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်းမောက်မောက် နှစ်ဇွန်းခွဲ
သံပုယိုသီး ဆားရည်စိမ်ရန်
  • သံပုယိုသီးကို အလုံးလိုက် ရေဆေးပြီး ရေစင်အောင်သုပ်ကာ အောက်ခြေပြတ်တဲ့ထိ ၄စိတ်လှီးပေးပါ
  • စိတ်ထားသော အစိတ်များကို ဇလုံကျယ်ကျယ်ထဲထည့်ပြီး ဆားထည့်ကာ သမအောင် ခပ်ဖွဖွမွှေပးပါ 
  • အားလုံးပြီးလျှင် လေလုံပြီး သန့်နေသော ပုလင်းထဲ သံပုယိုသီး အစိတ်များကို ထည့်ပေးပါ
  • အဖုံးလေလုံအောင်ပိတ်ပြီး အခန်းအပူချိန်နှင့် အနည်းဆုံး ၅ရက်၆ရက်လောက် ထားပေးပါ
  • မြန်မြန်စားချင်ရင်တော့ ပုလင်းကို နေပူထဲမှာ ထားပေးပါ
  • ရေထည့်စရာမလိုဘဲ ဆားရည်များပျော်ပြီး အရည်များထွက်လာပြီး သံပုယိုသီးများ အိလာရင် ရပါပြီ
ပြင်ဆင်ပုံ
  • ဆားရည်ပျော်ကာ အိလာသော သံပုယိုသီးကို အရည်စစ်ကာ ဆယ်ထားပြီး ဇလုံအနေတော်မှာ ထည့်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာထားပြီး အနေတော် စိတ်ထားပါ
  • Mustard seed ,Cumin seed , Coriander seeds တို့ကိုမီးအနေတော်နှင့် အစေ့များ အိုးထဲမှာ ဖောက်ဖောက် ပေါက်လာတဲ့ထိ ခနလေး လှော်ထားပြီး ညက်အောင်ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက သံပုယိုဇလုံထဲကို ကြက်သွန်ဖြူ လှော်ပြီးထောင်းထားသော အစေ့များ  Mustard seeds အစိုတို့ကို ထည့်ပြီး ပြင်ထားပါ
  • ဆီကို မီးအနေတော်နှင့် အပူပေးပါ ဆီပူလာပါက နနွင့်မှုန့်ကိုဆက်ထည့်ပြီး မီးဖိုပေါ်မှ ဆီအိုးကို ချပေးပါ
  • တမိနစ်လောက် ဆီကို အအေးခံပြီး ငရုတ်သီးမှုန့်ထဲ့ကာ မွှေပေးပါ ဆီအရမ်းပူနေပါက ငရုတ်သီးမှုန့်များ မည်းသွားတတ်ပါတယ်
  • ဆီအရမ်း မအေးခင် သံပုယိုသီးဇလုံထဲ လောင်းချပေးပါ
  • အားလုံးပြီးပါက လေလုံပြီးသန့်သော ပုလင်းထဲထည့်ပြီးထားကာ စားသုံးနိုင်ပါပြီ
  • ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါက နှစ်ပေါက်အောင် ထားပြီးစားလို့ရပါတယ်
ကုလားလေး သနပ်မဆလာရှိပါက အပေါ်မှာ ပြထားသော အမွှေးနံ့သာအစေ့များ ထည့်စရာမလိုဘဲ မဆလာတမျိုးထဲ သုံးနိုင်ပါတယ်
သံပယိုသီးဆားရည်စိမ်စဉ် ထွက်လာသောအရည်များက ခါးပြီး ငံနေတတ်တဲ့အတွက် အငံနှင့် အခါးမနှစ်သက်သောသူများ ပြန်သုံးရန်မလိုပါ
မာမာလဲ ပြန်မသုံးပါ အငံအရသာက ဆားရည်စိမ်ထဲက ပါပြီးသားမို့လို့ အငံထပ်ထည့်စရာ မလိုပါ။

No comments:

Post a Comment