Wednesday, 27 April 2016

ဆီချက်ခေါက်ဆွဲ




ကြက်သားပြုပ်ကြီးဘဲ မစားချင်တာမို့ ဒီတခါတော့ ဆီချက်ခေါက်ဆွဲ လုပ်စားဖြစ်သွားပါတယ် အိမ်မှာ အလွယ်လုပ်စားလို့ရတဲ့ ဆီချက်ခေါက်ဆွဲလေးမို့ ကိုယ့်လျှာအရသာ ခံတွင်းတွေ့မယ်ထင်သလို လုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား - 150g
  • ခေါက်ဆွဲခြောက် - 200g
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ
  • နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  • ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  • ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တလုံး
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၂ဇွန်း
  • အရသာမှုန့် - အနည်းငယ်
  • မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တဗူး
  • ကြက်သွန်မိတ် - အနည်းငယ်
  • နာနတ်ပွင့် - တပွင့်
  • ဆား - လက်ဖက်ရယ်ဇွန်း တ၀က်
ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်သားကို ရေဆေးပြီး ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့် ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ကြက်သားကျက်သွားပါက ပုံပါအတိုင်း လှီးထားပါ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ အနေတော် ပျော့အောင်ပြုပ်ပေးပြီး ခေါက်ဆွဲနှင့် ရေနွေးကို ဇကာထဲသွန်ချပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားသော ခေါက်ဆွဲကို ပဲငံပြာရည် အနောက်ဖြင့် နယ်ထားပေးပါ
  • မြေပဲကိုလှော်ပြီး အခွံချွတ်ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါ
  • ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ
တပွဲစာပြင်ပါမယ်
  • ပဲငံပြာရည် နယ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ပန်းကန်ထဲထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က်သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး သခွားသီးအချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment