Friday 22 April 2016

သဖန်းသီး ဆားရည်စိမ်







အသီးအရွက်တွေ အချဉ်တည်လေတိုင်း ငယ်ငယ်က မိသားစုဘ၀လေးကို အရမ်းတမ်းတမိသလို အခုထိ လက်ရှိ ရှိနေသေးတဲ့ ၆ဧကကျော် ကျယ်တဲ့ခြံကြီးကိုလဲ လွမ်းနေမိခဲ့တယ်။

သက်ကြီးပင်တွေ အများကြီးရှိတဲ့ ခြံကျယ်ကြီးထဲက ထွက်သမျှ အသီးအနှံကို လတ်လတ်ဆတ်ဆတ် ရောင်းကြသလို အချဉ်တည်ပြီး တစ်ဖုံ အခြောက်လှန်းပြီး တစ်မျိုး အကုန်လုံးလိုလို ကိုယ့်မိသားစု တပိုင်တနိုင်လုပ်ကြပြီး အသီးအရွက် ရောင်းရတာမှန်သမျှ သန့်ရှင်းတယ်ဆိုပြီး လှူခဲ့တာတွေကလဲ ဘ၀မှာ အမှတ်တရ တစ်ခုပါဘဲ။

ဒီနေ့တော့ ဘ၀ရဲ့ အမှတ်တရတွေထဲက တခုဖြစ်ခဲ့တဲ့ သဖန်းသီးကို ဆားရည်စိမ်မိတာကြောင့် အစိမ်း တို့စားလို့လဲကောင်းပြီး ဆားရည်စိမ်ပြီး တို့စားရင်လဲ ကြွတ်ကြွတ်လေးနဲ့ တို့စားလို့ကောင်းလွန်းတဲ့  သဖန်းသီး ချဉ်ဖတ်လေးထည့်ပြီး ငါးငပိချက်လေး ချက်မိတာမို့ သဖန်းသီး ချဉ်ဖတ်ထည့်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သဖန်းသီး - ဖန်ပုလင်း တစ်လုံးစာ
  2. ရေ - ဖန်ပုလင်း တစ်ဝက်
  3. ဆားကြမ်း - ထမင်းစားဇွန်း တစ်ဇွန်း(ဆားကို ဖန်ပုလင်းထဲ ထည့်ထားသည့်ရေ ငံနေသည် ထိမွှေပေးပါ )

ပြင်ဆင်ပုံ
  1. သဖန်းသီးကို အညှာဖြတ်ပြီး ထက်ခြမ်းခြမ်းကာ ရေ၃နာရီလောက် စိမ်ပေးပါ
  2. ပုလင်းသန့်သန့် တစ်လုံးထဲမှာ ရေနှင့်ဆားကို ငံနေသည်ထိ ရောပြီးဖျော်ထားပေးပါ
  3. ရေစိမ်ထားသော သဖန်းသီးကို ရေ၅ထပ်လောက် လှုပ်လှုပ်ပြီးဆေးပါ
  4. ရေဆေးထားသော သဖန်းသီးကို ဆားရည်ပုလင်းထဲထည့်ကာ အဖုံးလုံအောင် ပိတ်ထားပါ
  5. ၃ရက်လောက်နေရင် သဖန်းသီးချဉ်ဖတ် ရပါပြီ။
သဖန်းသီး သဘာဝ အလုံးကို ခွဲလိုက်ရင် ဘယ်ကနေ ၀င်နေမှန်းမသိတဲ့ ပုရွက်ဆိတ်လေးတွေ ပါတတ်ပါတယ် အဲဒီအကောင်လေးတွေ စင်သွားအောင် ရေနိုင်နိုင်နဲ့ လှုပ်ပြီးဆေးပေးပါ။

No comments:

Post a Comment