Tuesday, 1 March 2016

သတ်သတ်လွတ် ဆီချက်ခေါက်ဆွဲ


ဆီချက်ခေါက်ဆွဲလို့ ပြောလိုက်ရင် ကြက်သား ၀က်သား ဘဲသားတွေနဲ့ ပြင်ဆင်ထားတာကိုဘဲ ပြေးမြင်မိကြမှာပါ မာမာကတော့ သမီးငယ်လေး စားကောင်းအောင် မြေပဲလှော်ထောင်း များများလေးနဲ့ ပြင်ဆင်ပေးလိုက်ပါတယ်။

သူလေးက စားကောင်းတယ်လို့ပြောတိုင်း အမောတွေ ပြေခဲ့ရပါတယ် သတ်သတ်လွတ် စားသူတွေကတွက် အဆင်ပြေရအောင် မာမာလုပ်တဲ့ သတ်သတ်လွတ် ဆီချက်ခေါက်ဆွဲ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲအခြောက်ထုတ် - 200g
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ
  • နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  • ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  • ဆား - လိုအပ်သလောက်
  • အချိုမှုန့် - အနည်းငယ်
  • မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တဗူး
  • ကြက်သွန်မိတ် - အနည်းငယ်
  • ဆီ - လိုအပ်သလောက်
ပြင်ဆင်ပုံလေးပြောပါမယ်
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ခေါက်ဆွဲ နူးလာပါက ပြုပ်ထားသော ခေါက်ဆွဲရေနွေးကို ဇကာထဲသွန်ချပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခွံချွတ်ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပြီး အအေးခံပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါ
  • ဆားနှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ
တပွဲစာပြင်ပါမယ်
  • ပြုပ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်၍  ပြန်ဆည်ကာ ရေစစ်ပြီး ပြင်မည့်ပန်းကန်ထဲ ထည့်ပေးပါ
  • အချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ဆား လက်ဖက်ရည်ဇွန်း တ၀က်သာသာ ကြက်သွန်ဖြူဆီချက်ဖတ် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ စားပွဲပြင်ပေးပြီး  ကြက်သွန်ချဉ် နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment