Friday, 18 March 2016

ကြက်သား ကုန်းဘောင်ကြီးကြော်



ဒီတခါတော့ မွှေးပြီးစပ်တဲ့ ကြက်သားကုန်းဘောင်ကြီး ကြော်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  • အပြားလိုက် အရှည်အနေအထားရအောင် တုံးလေးတွေ တုံးထားသော ကြက်ရင်ပုံသား - 250g
  • ခပ်သေးသေး အတုံးလေးတွေ တုံးထားသော မုံလာဥနီ - လက်ဖက်ရည်ပန်းကန်လုံး တလုံးစာ
  • အကွင်းလိုက် လက်တလုံးနီးပါး အထူရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • ခပ်ရှည်ရှည် အနေအထားရအောင် လှီးထားသောချင်း - လက်တဆစ်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တ၀က်ခန့်
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • ငရုတ်သီး အခြောက်တောင့် - စားနိုင်သလောက်


ပြင်ဆင်ပုံ

  1. လှီးထားသော ကြက်သားကို ငံပြာရည် ပဲငံပြာရည် ဆားတို့နှင့်နယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပါ
  2. ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးတောင့် မုံလာဥနီတို့ကို ပုံပါအတိုင်း ပြင်ထားပါ
ဟင်းချက်ရန်ပြင်ဆင်ပုံ


  • ပထမဆုံး ဆီကိုအပူပေးပါ ဆီပူတာနဲ့ ငရုတ်သီးတောင့်တွေကို မွှေးသွားအောင်ကြော်ပြီး ဆယ်ထားပေးပါ ထိုဆီထဲမှာဘဲ ကြက်သားကို ထဲ့ကြော်ပေးပါ
  • ကြက်သားကို အသားမာပြီး တင်းလာတဲ့အထိ ၅မိနစ်လောက်ကြော်လိုက်ပါ
  • ကြော်ပြီးသွားတာနဲ့ မုံလာဥနီကို အရင်ဆုံး တမိနစ်လောက် ထည့်ေ ကြက်သွန်ဖြူ နီ ချင်းတို့ကို တမိနစ်လောက် ထဲ့မွှေပေးပါ
  • ပြီးတာနဲ့မုံလာဥနီနှင့် ငရုတ်သီးတောင့်ကြော်ကိုထဲ့ တမိနစ်လောက်ထဲ့ကြော်ပါ

  • ကြက်သွန်များ နွမ်းမသွားအောင် မြန်မြန်ကြော်ပြီး မီးပိတ်ကာ အရသာမြည်းပြီး ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • အရသာရှိစွာ သုံးဆောင်နိုင်သော ကုန်းဘောင်ကြီးကြော်ရပါပြီ။

No comments:

Post a Comment