Tuesday, 15 March 2016

ပုဇွန်ထမင်းကြော် မွှေးမွှေးလေး



ဒီတခါတော့ ပုဇွန်ထုတ်နဲ့ ထမင်းကြော် မွှေးမွှေးလေးကြော်ပြီး ထမင်းကြော် တမျိုးထဲနဲ့ဟင်းလွတ် ထမင်းကြော် တမျိုးထဲနဲ့ အဆင်ပြေ စားကောင်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာ
  • ချက်ပြီး အအေးခံထားသော ထမင်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးစာ
  • အခွံခွာပြီး ကြောမှ အမည်းကြောင်းထုတ်ထားသော ပုဇွန်ထုတ် - ၅ကောင်
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ခပ်စောင်းစောင်း လှီးထားသော ဘေဘီပြောင်းဖူး - ၄ဖူး
  • အချပ်လိုက် လှီးထားသောကြယ်သီးမှို- ၅ပွင့်
  • ကြက်ဥ - တလုံး
ကြော်ရန်အတွက်
  • ဆီကိုအပူပေးပြီး ဆီပူလာပါက ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို နွမ်းသွားတဲ့ထိကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ပုဇွန်ကိုထည့်ပြီး သုံးမိနစ်လောက်ထဲ့ ကြော်ပေးပါ
  • ပုဇွန်ကျက်သွားပါက. အအေးခံထားသော ထမင်း ငံပြာရည်အကြည် အရသာမှုန့်ထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပေးပါ
  • ထမင်းကြော်ကို အရသာမြည်းပြီး လိုသလိုပြင်ကာ ကြက်ဥဖောက်ထည့်ပြီး မွှေပေးပါ
  • အားလုံး သမသွားပြီး ကြက်ဥကျက်သွားပါက ငရုတ်ကောင်းမှုန့်ထဲ့ပြီး မွှေပေးကာ တမိနစ်လောက် ကြော်ပြီးပါက ထမင်းကြော် မွှေးမွှေးလေးရပါပြီ။

No comments:

Post a Comment