Monday 7 March 2016

စပါးလင်နံ့သင်းတဲ့ငါးမွှေ မွှေးမွှေးလေး


အားတဲ့ရက် တရက်လောက်ရတာနဲ့ ဘာတွေအရင်လုပ်ရမလဲ အစီအစဉ်အရင်ဆွဲပြီး အိမ်ရှင်မတို့ ထုံးစံအတိုင်း ခြေဦးအရင်ဆုံး လှည့်မိတာက မီးဖိုဆောင်ပါဘဲ ဒီနေ့တော့ ထမင်းပူပူနဲ့ လိုက်ဖက်လွန်းတဲ့ ငါးမွှေနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးရံ့ - တစ်ကီလို
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. စပါးလင် - ၅ပင်
  6. ကြက်သွန်နီ - အလုံးကြီးကြီး ၃လုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  8. ချင်း - တစ်လက်မခန့်
  9. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ၁၀ဇွန်း

ငါးပြုပ်ရန် ပါဝင်ပစ္စည်းများ

  • အကြေးခွံများဖယ်ကာ သန့်စင်ထားသောငါးရံ့ - တစ်ကီလို
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • နနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ထုပြီးလိမ်ထားသော စပါးလင် - ၃ပင်
  • ငါးကိုရေမြုပ်အောင်ထည့်ပြုပ်ပြီး ငါးနူးလျှင် အအေးခံပြီး ငါးကို အရိုးအသား ထွင်ပြီးထားပါ
  • ငါးရံ့အစား ငါးပါတ် ငါးခူ ငါးကျဉ်း  ငါးမြစ်ချင်း ငါးချင်း တို့လဲ သုံးနိုင်ပါတယ်
  • အရိုးပါတဲ့ ငါးဆိုရင်တော့ အရိုးအသားသတ်သတ်စီ ထွင်ထားပေးပါ
ငါးဆီသတ်ရန် လိုအပ်သောပစ္စည်း
ငါးပြုပ်အရည်ငင်ရန်
  • အရိုးများကို ငါးပြုပ်ထဲမှ စပါးလင်နှင့်ရောထည့်ပြီး ထောင်းပေးပါ
  • အားလုံးထောင်းပြီးပါက ငါးပြုပ်ရည်လက်ကျန်နှင့်ရေ အနည်းငယ်ရောကာ ထောင်းတာတာတွေထည့်ပြီး အရည်ငင်ထားပေးပါ
  • အရည်စစ်ပြီးသော စပါးလင်ဖတ်များကို ဖယ်လိုက်ပါ
ဆီသတ်ဖို့ပြင်ဆင်ရန်
  • စပါးလင် ၂ပင်ခန့်ကို ပါးပါးလှီးထားပါ
  • ချင်းကို အခွံခွာပြီး ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပြီဆို ဘလင်ဒါထဲ အားလုံးထည့်ပြီး တမိနစ်ကြိတ် တခါနားကာ ၁၀မိနစ်ကြိတ်ပါ
  • ဘလင်ဒါမရှိက ငရုတ်ဆုံနှင့် ညက်နေအောင်ထောင်းပါ
  • ကြက်သွန်နီ ကြီးကြီး၃လုံးကို ပါးပါးလှီးထားပါ
ဆီသတ်နည်း
  • ဆီကို အပူပေးပြီး နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တ၀က်ကိုထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်နီကို မွှေးလာအောင်ကြော်ပြီး ငရုန်သီးအရောင်တင်မှုန့် ထည့်မွှေပေးပါ
  • ငရုတ်သီးနံ့မွှေးလာပါက ကြိတ်ထားသော စပါးလင်များကို ထည့်ဆီသတ်ပေးပါ 
  • ၅မိနစ်လောက် မွှေပြီးတာနဲ့ငါးပြုပ်အသားထွင်ထားတာများကို ၅မိနစ်လောက် ထည့်မွှေပါ
  • ပြီးတာနဲ့ငါးပြုပ် အရည်ငင်ထားတာကိုထည့်ပြီး အရသာမှုန်ထည့်ကာ ဆီသတ်ထားသောငါးများ မွှေးလာတဲ့ထိ မွှေပေးပါ
  • ငါးဆီသတ်မွှေးလာပါက ထမင်းပူပူနှင့် အလွန်လိုက်ဖက်သော ငါးမွှေဟင်း မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment