Wednesday 9 March 2016

စပ်ပြီးမွှေးတဲ့ ငါးမွှေအစပ်ချက်




ဈေးသွားတိုင်း ကိုယ်စားလေ့ စားထမရှိတဲ့ အစာတွေထက် ကိုယ်စားတတ်တာတွေဘဲ ရှာကြံပြီး ၀ယ်တတ်ကာ ကိုယ်စားတတ်သလိုဘဲ စီမံပြီး ချက်ပြုပ်ရတဲ့ မီးဖိုဆောင်ရဲ့ ပိုင်ရှင်တယောက် ဒီနေ့တော့ ပင်လယ်ငါးကို ငရုတ်သီးစိမ်း စပ်စပ်နဲ့မွှေပါတယ်။

ငါးမွှေချက် ချက်နည်းကတော့ အရင်တခါ တင်ဖူးတာနဲ့ အတူတူပါ ငရုတ်သီးစိမ်း အပိုထပ်ထည့်ပြီး မွှေချက် ချက်တာဘဲ ကွာပါတယ် ပင်လယ်ငါးအစား ငါးခူ ငါးရံ့ ငါးပတ် စသည့်ငါးတွေနဲ့လဲ ချက်နိုင်ပါတယ်။

ငါးမွှေချက် ချက်ပြီးတဲ့ အခါမှာတော့ ထမင်းနဲ့စားဖို့အဆင်ပြေသလို မုန့်ဟင်းခါးဖတ်နဲ့ သုပ်စားဖို့ အဆင်ပြေစေတဲ့အတွက် ခပ်စပ်စပ် ခပ်မွှေးမွှေး ငါးမွှေဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပင်လယ်ငါး - တစ်ကီလို
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. စပါးလင် - ၅ပင်
  6. ကြက်သွန်နီ - အလုံးကြီးကြီး ၃လုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  8. ချင်း - တစ်လက်မခန့်
  9. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  12. ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၁၅တောင့် (အစပ်ကြိုက်လျှင် ပိုထည့်၍ မကြိုက်လျှင် လျှော့ပါ)

ငါးပြုပ်ရန် 

  • အကြေးခွံများဖယ်ကာ သန့်စင်ထားသောငါး- တကီလို
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ထုပြီး လိမ်ထားသော စပါးလင် - ၃ပင်
  • ငါးကိုရေမြုပ်အောင်ထည့်ပြုပ်ပြီး ငါးနူးလျှင် အအေးခံပြီး ငါးကို အရိုးအသား ထွင်ပြီးထားပါ
  • ပင်လယ်ငါးအစား ငါးရံ့ ငါးပါတ် ငါးခူ ငါးကျဉ်း  ငါးမြစ်ချင်း ငါးချင်း တို့လဲ သုံးနိုင်ပါတယ်
  • အရိုးပါတဲ့ ငါးဆိုရင်တော့ အရိုးအသားသတ်သတ်စီ ထွင်ထားပေးပါ
ငါးဆီသတ်ရန် လိုအပ်သောပစ္စည်းများ

ငါးပြုပ်အရည်ငင်ရန်
  • အရိုးများကို ငါးပြုပ်ထဲမှ စပါးလင်နှင့်ရောထည့်ပြီး ထောင်းပေးပါ
  • အားလုံးထောင်းပြီးပါက ငါးပြုပ်ရည်လက်ကျန်နှင့်ရေ အနည်းငယ်ရောကာ ထောင်းတာတာတွေထည့်ပြီး အရည်ငင်ထားပေးပါ
  • အရည်စစ်ပြီးသော စပါးလင်ဖတ်များကို ဖယ်လိုက်ပါ
ဆီသတ်ဖို့ပြင်ဆင်ရန်
  • စပါးလင် ၂ပင်ခန့်ကို ပါးပါးလှီးထားပါ
  • ချင်းကို အခွံခွာပြီး ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပြီဆို ဘလင်ဒါထဲ အားလုံးထည့်ပြီး တမိနစ်ကြိတ် တခါနားကာ ၇မိနစ်ကြိတ်ပါ
  • ဘလင်ဒါမရှိက ငရုတ်ဆုံနှင့် ညက်နေအောင်ထောင်းပါ
  • ကြက်သွန်နီ ကြီးကြီး၃လုံးကို ပါးပါးလှီးထားပါ
ဆီသတ်နည်း
  • ဆီကို အပူပေးပြီး နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တ၀က်ကိုထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်နီကို မွှေးလာအောင်ကြော်ပြီး ငရုန်သီးအရောင်တင်မှုန့် ထည့်မွှေပေးပါ
  • ငရုတ်သီးနံ့မွှေးလာပါက ကြိတ်ထားသော အမွှေးနံ့သာများကို ထည့်ဆီသတ်ပေးပါ 
  • ၅မိနစ်လောက် မွှေပြီးတာနဲ့ငါးပြုပ်အသားထွင်ထားတာများကို ၅မိနစ်လောက် ထည့်မွှေပါ
  • ပြီးတာနဲ့ငါးပြုပ် အရည်ငင်ထားတာကိုထည့်ပြီး အရသာမှုန်ထည့်ကာ ဆီသတ်ထားသောငါးများ မွှေးလာတဲ့ထိ မွှေပေးပါ
  • ငါးဆီသတ်မွှေးလာပါက ထမင်းပူပူနှင့် အလွန်လိုက်ဖက်တဲ့ စပ်ပြီးမွှေးနေသော ငါးမွှေဟင်း မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment