Friday 4 March 2016

ပြည်ကြီးငါးဆီပြန်


ပြည်ကြီးငါး ချက်နည်းလေးသိချင်လို့ မေးလာတဲ့သူများအတွက် ချက်လို့လွယ်လွန်းတဲ့ ပြည်ကြီးငါး ချက်ည်းလေး မျှဝေလိုက်ပါတယ် ပြည်ကြီးငါးတို့ရဲ့ သဘာဝ ရေငံငါးမို့လို့ နဲနဲလေး အနံ့ရှိပါတယ် သူ့ကိုအနံ့ပျောက်အောင် အရင်ဆုံး သံပုရာရည်နဲ့ နယ်ပြီးဆေးပြီးမှ အရသာများနယ်ကာ ဆယ်မိနစ်လောက် နှပ်ထားပြီးမှ ချက်ဖို့ပြင်ပါတယ် ချက်ချိန်မကြာဘဲ ခနဘဲချက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  1. သန့်စင်ပြီး ထက်ခြမ်းခွဲကာ အထဲမှ မလိုတာတွေ ဖယ်ထားသောပြည်ကြီးငါး အကောင်သေး - 300 g 
  2. မညက်တစ်ညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  3. မညက်တစ်ညက် ထောင်းထားသော ကြက်သွန်ဖြူ - သုံးမွှာ
  4. ညက်နေအောင် ထောင်းထားသောချင်း - လက်တစ်ဆစ်ခန့်
  5. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  8. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်

ပြည်ကြီးငါး အရသာနယ်ရန်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ဟင်းချက်ရန်
  • ဆီကိုအရင်ဆုံး အပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့် အနည်းငယ်ထဲ့ပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်တို့ကိုထဲ့ပြီး မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • အရသာနယ်ထားသော ပြည်ကြီးငါးကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ဟင်းချက်ချိန် မကြာစေဘဲ ပြည်ကြီးငါးကိုထဲ့ပြီး ငါးမှထွက်လာသောရေခမ်းတဲ့ထိတည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ ပဲငံပြာရည်ထဲ့ပြီး မွှေပေးပါ
  • ဆီပြန်တာနဲ့ ပြည်ကြီးငါးဆီပြန် မွှေးမွှေးလေးရပါပြီ။

No comments:

Post a Comment