Friday, 4 March 2016

သင်္ဘောသီးခြစ် အရိုင်းသုပ်စပ်စပ်လေး






အိမ်က သင်္ဘောပင်မှာ အသီးတွေသီး အလုံးတွေများနေတာနဲ့ သေးတာတွေခူးပြီး အပျင်းပြေလေး လူစုံတုန်း ချဉ်ချဉ်စပ်စပ် သင်္ဘောသီး အရိုင်းသုပ်လေး သုပ်စားဖြစ်ကြတယ် ရှူးရှူးရှဲရှဲနဲ့ စားလို့ကောင်းလွန်းတဲ့ သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးစိမ်း - အနေတော် တလုံး
  • ပုဇွန်ထုတ် - အကောင်ကြီးကြီး ၃ကောင်
  • ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း ၃ဇွန်း
  • သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး ရှည်ရှည်သေးသေးလေးတွေရအောင် သင်္ဘောခြစ်ဖြင့် ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ဆေးပြီး ရေနာရီဝက်လောက်ကာ ရေစစ်ထားပါ
  • ပုဇွန်ကို ရေအနည်းငယ်နှင့် ဆားအနည်းငယ်ထည့်ပြီး လှော်ကာ အခွံခွာ၍ ကြောဘက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်လှော်ကို မညက်တညက် ထည့်ထောင်းပါ
  • ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ
  • ပြီးတာနဲ့ သဘောင်္သီး ငံပြာရည် ပုဇွန်ထောင်း ပဲအကျက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်နီဆီချက်တို့နှင့် သံပုရာရည်ကာ နယ်ပေးပါ
  • အားလုံး သမသွားတာနဲ့ စပ်စပ်မွှေးမွှေး သင်္ဘောသီး အရိုင်းသုပ်လေး ရပါပြီ။

No comments:

Post a Comment