Sunday 27 March 2016

ထန်းလျှက်ရည်ဆမ်း ဒိန်ချဉ်



ဒိန်ချဉ်လုပ်နည်းလေးကို facebook မှာ လာလာမေးကြပေမဲ့ အခုရက်ထဲ အလုပ်အရမ်းများနေလို့ မရေးနိုင်ခဲ့၍ ဒီနေ့တော့ ရေးလိုက်ပါပြီ ဒိန်ချဉ်လုပ်ရတာ နည်းနည်းတော့ နတ်ကြီးပါတယ် တခုခုလေး လွဲချော်တာနဲ့ ဒိန်ချဉ်က ပျက်သွားတတ်ပါတယ်။

အဓိက ကတော့ ဒိန်ချဉ်ထည့်မည့်အိုး နို့ကျိုမည့်အိုး အသုံးပြုမည့်နို့တို့က သန့်နေရပါမယ် ဒိန်ချဉ်ထည့် မည့်အိုးကိုလဲ အိုးအသစ်ကိုသုံးပြီး ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူနဲ့ထပ်ဆေးကာ ရေကိုခြောက်သွေ့နေအောင် ပြင်ထားရပါမယ် နောက်တခါထပ်ထည့်လျှင် အဆင်ပြေစေရန် အိုးကိုသေချာဆေးကြောပြီးမှ ပြန်သိမ်းထားပါ။

ဒိန်ချဉ်ထည့်တာ အကောင်းဆုံးကတော့ မြေအိုးပါ မြေအိုးမရနိုင်ရင်တော့ စတီးအိုးကို သုံးနိုင်ပါတယ်
နို့ထည့်ပြီးပြီဆိုရင်လဲ ထည့်ထားသောနို့များ ကွဲမထွက်စေရန် အိုးကို ဟိုရွှေ့ဒီရွှေ့ မရွှေ့မလုပ်ရပါဘူး နို့ချဉ်တဲ့ထိ တနေရာထဲမှာ မလှုပ်အောင်ထားရပါမယ်။

ပြင်ဆင်ပုံ

  • ဒိန်ချဉ်ထည့်မည့်အိုးကို ရေ ရေနွေးတို့နှင့် သန့်စင်အောင်ဆေးပြီး ရေခြောက်သွေ့အောင် လုပ်ထားပါ
  • ဒိန်ချဉ်အလျဉ် ပြုလုပ်ရန်အတွက် အရင်ဆုံး သန့်ပြီးခြောက်သွေ့နေသော အိုးထဲမှာ စားပွဲတင်ဇွန်း ၃ဇွန်းစာကိုထည့်ပြီး ဆူအောင်ကျိုပြီး ခပ်နွေးနွေး အနေအထားရချိန်မှာ ဒိန်ချဉ်ထည့်မည့် အိုးထဲကိုထည့်ပြီး အဖုံးဖုံးကာ နေပူပူမှာ နေ့တ၀က်လောက် ထားလိုက်ပါ
  • အတွင်းဘက်မှာ နို့လေးများ ခဲလာပြီး ဒိန်ချဉ်နံ့ရလာပါက ဒိန်ချဉ်စပြီးထည့်ရန် ဒိန်ချဉ်အလျဉ်ကို ရပါပြီ
ဒိန်ချဉ်အိုးတည်ရန်
  • ဒိန်ချဉ်အလျဉ် အရင်ဆုံး ထည့်ထားသောအိုးကို အခန်းအပူချိန်အတိုင်း မရွှေ့ဘဲထားနိုင်အောင် နေရာတခုမှာ တည်ထားပါ
  • ဒိန်ချဉ်လုပ်မည့်နို့ကို ဆူပွက်လာအောင် ၁၀မိနစ်ခန့် တည်ပေးပါ
  • ဆူပြီးသော နွားနို့ကို ကျက်သည်းနွေး အနေအထားရအောင် အအေးခံထားပါ
  • လိုအပ်သော အနွေးဓါတ် အနေအထားရတာနဲ့ ဒိန်ချဉ်အလျင် အသင့်ပြုလုပ်ထားသော အိုးထဲသို့ နို့အနည်းငယ်ထည့်ကာ အိုးထဲမှ ဒိန်ချဉ်အလျဉ် အခဲလေးများကို ချေပေးပါ
  • နို့ခဲလေးများ ကျေလာတာနဲ့ ကျန်နေသောနို့များကို လောင်းထည့်ကာ သမအောင် တချက်လောက် မွှေပေးပြီး အဖုံးပိတ်ထားပါ
  • ဒိန်ချဉ် ချဉ်အောင်ထည့်ထားသောအိုးကို နေရာမရွှေ့ဘဲထားပေးပါ ရွှေ့မိပါက နို့များကွဲထွက်ပြီး ဒိန်ချဉ်မဖြစ်တော့ပါ
  • အခန်းအပူချိန် နွေးသောနေရာဖြစ်ပါက ၆နာရီလောက်ဆို ဒိန်ချဉ်ရပါပြီ
  • ရလာသော ဒိန်ချဉ်ကို အနည်းငယ်ချန်ကာ နောက်ထပ် ဒိန်ချဉ်ထပ်ထည့်၍ ဆင့်ပွားလုပ်နိုင်ပါတယ်
  • ဒိန်ချဉ်ဖြစ်ပါက ရေခဲသေတ္တာထဲပြောင်းပြီး ထည့်ကာ ရေခဲ ထန်းလျက်ရည် သကြား တို့နှင့် နှစ်သက်သလို စားနိုင်ပါပြီ။

No comments:

Post a Comment