Sunday 6 March 2016

ကရဝေးရွက် ရနံ့သင်းတဲ့ ကြက်သား အာလူးဆီပြန်


ဟင်းချက်စရာ စဉ်းစားရတဲ့ အချိန်က အိမ်ရှင်မ တယောက်အတွက် အချိန်မပေးနိုင်တဲ့ ရက်တွေမှာ တော်တော်လေး ခေါင်းနောက်ရပါတယ် အဲဒီလိုအခါမျိုးမှာ ဈေးကို ခေါက်တုန့်ခေါက်ပြန် မလျှောက်ရလေအောင် ရေခဲသေတ္တာကြီး ဖွင့်လိုက်ပိတ်လိုက်နဲ့ အချိန်တွေ မကုန်ရလေအောင် မာမာတော့ တချက်ခုတ် ၂ချက်ပြတ် ကြက်သားအာလူး အရောဟင်းလေးကို ချက်လိုက်တာက များပါတယ်။

ဒီနေ့ချက်ဖြစ်တဲ့ ကြက်သားအာလူးဆီပြန် ချက်နည်းလေးက အရင်ဟင်းချက်နည်းတွေ အတိုင်းပေမဲ့ ကရဝေးရွက်ထည့်ပြီး ဆီသတ်ထားတဲ့ ကရဝေးရွက်နံ့ မွှေးမွှေးလေးနဲ့ ကြက်သားအာလူးအရော ဆီပြန်ချက်နည်းလေး မျှဝေလိုက်ပါတယ်။



ကြက်သားအရသာနယ်ရန်

  • ကြက်သား - 500g (အနေတော်တုံးထားပါ)
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်

ဟင်းချက်ရန်

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူထောင်းရန် - ငါးမွှာ
  3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - အနေတော် တဥ
  4. ချင်းထောင်းရန် - လက်တဆစ်ခန့်
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  6. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  7. ကရဝေးရွက် -၂ရွက်
  8. အာလူး အနေတော် -၂လုံး
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ရောချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် တုံးထားကာ ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ကရဝေးရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး နူးတဲ့ထိ ဆက်တည်ပေးပါ 
  • ကြက်သားနူးပါက ရေစိမ်ထားသော အာလူးကို ဆယ်ထည့်ပြီး အာလူးနူးလောက်ရုံ ရေထည့်ပြီး ဆက်တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက. ကရဝေးရွက် အနံ့သင်းသင်းလေးနဲ့ ကြက်သားအာလူး ဆီပြန်မွှေးမွှေးလေး စားသုံးနို

No comments:

Post a Comment