Monday, 7 March 2016

မုန့်လုံးကြီး နှမ်းကပ်ကြော်










မြန်မာမုန့်လေးတွေ စားချင်တိုင်း စိတ်ကူးရရင် ရသလို လုပ်စားကြရင်း ဒီတခါတော့ နှမ်းကပ် မုန့်လုံးကြီး ကြော်စားဖြစ်လို့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ် ကောက်ညှင်းမုန့်ဆိုတဲ့အတိုင်း ကြော်တဲ့အခါမှာ နည်းနည်းတော့ သတိထားပြီး ကြော်ရပါတယ် မုန့်သားမုန့်နှပ်ချိန် အချိန်နည်းရင် ပေါက်ထွက်ပြီး လူကို စင်စေနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ခွက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ
  • အုန်းသီးမှုန့် - 100g (အုန်းသီးအခြောက်မှုန့် ခြစ်ပြီးသားကို သုံးထားပါတယ်)
  • ထန်းလျှက်ခဲ - 100g ထန်းလျှက်မရှိက( သကြားကို သုံးနိုင်ပါတယ်)
  • အချိုအရသာ ပေါ့ပေါ့ကြိုက်လျှင် ထန်းလျှက်ကို လျော့ပြီးကျိုပါ
  • နှမ်းအဖြူ - လိုသလောက်
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
အုန်းယိုထိုးရန်
  • ရယ်ဒီမိတ် အုန်းသီးအခြောက်မှုန့်ကို အဆင်သင့်ပြင်ထားပေးပါ
  • ထန်းလျှက်ခဲကို ရေအနည်းငယ်ထည့်ပြီး ကျေအောင် မီးအပူပေးပါ
  • ထန်းလျှက် အရည်ပျော်လာပါက အမှိုက်မပါအောင် အ၀တ်စသန့်သန့်နှင့် စစ်ပေးပါ
  • သန့်ထားပြီးသော ထန်းလျှက်ရည်နှင့် အုန်းသီးမှုန့်ကို အိုးထဲထည့်ပြီး ထန်းလျှက်ရည် ခမ်းတဲ့ထိမွှေပေးပါ
  • အုန်းယိုဖြစ်သွားပါက အအေးခံထားပါ


မုန့်လုံးဖို့အတွက် ပြင်ပါမယ်
  • ကောက်ညှင်းမှုန့်တို့ကို ဇလုံကျယ်ကျယ်ထဲမှာ ရေနည်းနည်းချင်း ထဲ့ပြီးနှဲပေးပါ
  • မုန့်သားပျော့ပြီးစေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • ရေတခါထဲမထဲ့ဘဲ ဖြေးဖြေးချင်းနှဲပါ ရေကိုလိုသလောက်ဘဲသုံးနိုင်ပါတယ်
  • မုန့်သားပျော့လာပါက အနည်းဆုံး ၄နာရီလောက် အခန်းအပူချိန်အနိုင်း ဒီတိုင်းထားပေးပါ
  • အ၀တ်ရေစိုလေးအုပ်ထားပေးက ပိုကောင်းပါတယ်
  • အုန်းယိုကို ကွမ်းသီးဆံလောက် အလုံးလေးတွေ လုံးပေးထားပါ
  • မုန့်သားနှပ်ထားပြီးတာနဲ့ မုန့်သားကို ကွမ်းသီးလောက်ရအောင်ယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပြီး လုံးပေးပါ
  • အလုံးလေးဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်မနှင့်ဖိလိုက်ပါ
  • ချိုင့်သွားသောနေရာသို့ အုန်းယိုတခု ထဲ့လိုက်ပါ
  • အုန်းယိုပေါ်သို့ မုန့်သားပြန်အုပ်ပြီး လုံးပေးပါ
  • အုန်းယို မပေါ်အောင် မုန့်သားကို သတိထားပြီးအုပ်ပေးပါ
  • အုန်းယိုပေါ်ပါက မုန့်သားကို ကြော်ချိန်မှာ အုန်းယိုများ အပြင်သို့ ပေါက်ထွက်ပါတယ်
  • လုံးပြီးသား မုန့်လုံးများကို နှမ်းပန်းကန်ထဲ ထည့်ပြီး ခပ်ဖွဖွ လှိမ့်ပေးပါ
မုန့်ကြော်ရန်
  • အားလုံးလုံးပြီးပါက ဇောက်နက်သော အိုးထဲကို ဆီများများထဲ့ပြီး အငွေ့ထွက်လာအောင် တည်ပေးပါ
  • ဆီအငွေ့ တက်လာပါက လုံးထားသော မုန့်များကို တလုံးချင်း ထဲ့ကြော်ပေးပါ
  • မုန့်သားအကျက်ညီစေရန် မကြာမကြာ မုန့်လုံးကို လှည့်ပေးပါ
  • မုန့်လုံးတခုလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်သွားပြီး အေးသွားပါက နှမ်းကြော်ရနံ့ မွှေးမွှေးလေးနဲ့ အုန်းယို မုန့်လုံးကြီးကြော် ချိုစိမ့်လေး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment