Wednesday 9 March 2016

ကောက်ညှင်း ငချိတ်ပေါင်း








ဒီနေ့တော့ ထမင်းပေါင်းအိုးနဲ့ ချက်ထားတဲ့ ကောက်ညှင်းငချိတ် ချက်စားကြပါတယ် စားလို့ကောင်းတဲ့အတွက် ထမင်းပေါင်းအိုးနဲ့ လွယ်လွယ်လေး ချက်လို့ရတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းငချိတ်ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ ထမင်းပေါင်းအိုး - ဆန်ချင်ဗူး လေးဗူး
  3. အုန်းသီးခြစ်ပြီးသား - လိုသလောက်
  4. နှမ်းလှော်ထောင်းပြီးသား - လိုသလောက်

ကောက်ညှင်းချက်ရန်
  1. ကောက်ညှင်းငချိတ်ဆန်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲကို ရေနှင့်အတူ ထည့်ပေးပါ
  2. ထမင်းချက်သလိုဘဲ ခလုတ်နှိတ်ပြီး ချက်ပေးပါ
  3. ထမင်းအိုး ခလုတ်တက်တာနဲ့ ကောက်ညှင်းချက်ပြီးသား ရပါပြီ။
နှမ်းထောင်းရန်
  1. နှမ်းအဖြူကို မီးအနေတော်နှင့် ရွှေဝါရောင် သန်းလာတဲ့ထိ လှော်ပေးပါ
  2. လှော်ပြီးသားနှမ်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ငရုတ်ဆုံထဲမှာ မညက်တစ်ညက် အနေအထားရအောင် ထည့်ထောင်းပေးပါ။
အုန်းသီးခြစ်ရန်
  1. အုန်းသီးတစ်ခြမ်းကို ကိုယ်လိုသလောက် အုန်းခြစ်နှင့်ခြစ်ထားပေးပါ
ပြင်ဆင်ပုံ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပူပူနွေးနွေး ကောက်ညှင်းငချိတ်ကို နှမ်းထောင်းနှင့် အုန်းသီးမှုန့် ဖြူးကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment