Sunday, 20 March 2016

ပဲကြီးနှပ် စိမ့်စိမ့်လေး






ပဲကြီးနှပ် စိမ့်စိမ့်လေး လုပ်စားဖြစ်တိုင်း အရင်ဆုံး အဝေးမှာရောက်နေတဲ့ သားကြီးကို အရမ်းသတိရမိတယ် သူအရမ်းကြိုက်တဲ့ ဟင်းလေးမို့ ချက်တိုင်းသတိရတာတွေ ပိုစေတဲ့ ဟင်းတမယ်ပါ စားမိန်ဖွယ်ရာ ပဲကြီးနှပ် ဒီဟင်းချက်နည်း မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Lima beans 375g - တထုတ်
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ဆီ - ထမင်းစားဇွန်း ၁၀ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ပဲကို ရေများများထည့်ပြီး အနည်းဆုံး ၁၀နာရီလောက် အပေါက်ခပ်စိတ်စိတ်ပါသော ဇကာဖြင့်အုပ်ကာ ရေစိမ်ထားပါ
  • ပဲများပွပြီး ရေနည်းသွာပါက ရေကို မြုပ်အောင် ထပ်ထည့်ပေးပါ
  • ပဲများနူးလာပြီး အခွံချွတ်လို့ရပြီဆိုရင် တစေ့ချင်း အခွံချွတ်ပေးပါ
  • အခွံချွတ်ထားသော ပဲများကို ဆား နနွင်းထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေမခမ်းခင် ပဲနူးမနူး ဆယ်ပြီး စမ်းကြည့်ပါ
  • ပဲမနူးသေးပါက ရေထပ်ထည့်ပြီး ဆက်ပြုပ်ပေးပါ
  • ပဲများနူးပါက မီးပိတ်ပြီး အအေးခံထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  • ဆီကို အပူပေးပြီး ဆီပူလာပါက နနွင်းအနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီကို ရွှေဝါရောင်သန်းလာတဲ့ထိ ကြော်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်ကြော်ထားသော ဆီထဲမှာ ပဲကို တမိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးထာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ ကြော်ပြီဆီစစ်ထားသော ကြက်သွန်ကြော် ဖြူးပြီး ပဲကြီးနှပ် စိမ့်စိမ့်လေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment