Monday, 28 March 2016

ကြက်ဥခေါက်ဆွဲကြော် မွှေးမွှေးလေး


ဘာချက်ရင်ကောင်းမလဲ စဉ်းစားရခက်တဲ့ နေ့တွေတိုင်း အကောင်အထည်ဖော် ကြော်ဖြစ်သွားတာက ခေါက်ဆွဲကြော်လေးပါဘဲ ကြော်လို့
လွယ်ပြီး စားလို့ကောင်းလွန်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပျော့သွားအောင် ပြုပ်ပြီး ရေဆေးကာ ရေစစ်ထားသော ကြက်ဥခေါက်ဆွဲ - ၃ခွေ
  • လေးထောင့်အဖတ်လေးများ လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ၂လက်မအရွယ် ခပ်ရှည်ရှည်လေးတွေ လှီးထားသော မုံလာဥနီ - အနေတော် တဥ
  • ခပ်ကြမ်းကြမ်း လှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • ခပ်သေးသေး လှီးထားသော ကြက်သား - လက်ဖက်ရည်ပန်းကန်လုံး တလုံးစာ
  • ဆီ - ထင်းစားဇွန်း ၅ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နှမ်းဆီ - လက်ဖက်ဇွန်း သုံးပုံတပုံ
  • ပဲငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်ဥ - တလုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော အသီးအရွက်များကို ရေစင်အောင်ဆေးပြီးမှ လိုအပ်သလို လှီးဖြတ်ကာ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီးမှ လိုအပ်သလို လှီးထားပေးပါ
  • ရေနွေး 8cups လောက်ကို ဆူအောင်နည်ပေးပြီးမှ ခေါက်ဆွဲခွေကို ထည့်ပြုပ်ပေးပါ
  • အနေတော် အနေအထားရပါက ဇကာထဲ သွန်ချကာ ခေါက်ဆွဲဖတ်များ အေးလာတဲ့ထိ ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေစင်အောင် စစ်ထားပေးပါ
  • ရေစစ်တာနဲ့ခေါက်ဆွဲဖတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ကာ ဆား ပဲငံပြာရည်တို့နဲ့နယ်ပေးပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သားကို အရင်ထည့်ကြော်ပါ
  • ကြက်သား အသားမာလာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ကြက်သွန်နီ  ဂေါ်ဖီ မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် တမိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ကြက်ဥကိုဖောက်ထည့်ပေးပြီး ခေါက်ဆွနြှင့်  နှမ်းဆီထဲ့ပြီး တမိနစ်လောက် ကြော်ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ခေါက်ဆွဲကြော်လေး ရပါပြီ

No comments:

Post a Comment