Saturday 28 May 2016

ထောပါတ် ပုဇွန်ကြော်











မာမာ့ ဟင်းချက်တဲ့ blog လေးကို မိတ်ဆွေတွေ လာလည်ကြတာ ဒီနေ့ လူ၉သိန်းကျော်သွားလို့ ပျော်နေမိပါတယ် ပီတိတွေနဲ့အတူ ချက်နည်းအတိုင်း လိုက်ချက်လို့ အဆင်ပြေ မပြေဆိုတဲ့ အကြံဥာဏ်လေးတွေလဲ လိုချင်မိပါတယ်။

အလုပ်မအားတဲ့ကြားက ဒီ blog လေးကို စေတနာအပြည့်နဲ့ ရေးနေရင်း ဒီနေ့တော့ ထောပါတ်နံ့ သင်းသင်းမွှေးနေတဲ့ ပုဇွန်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - အရွယ်တူ ၁၄ကောင်
  2. အုန်းသီးမှုန့် - အခြောက်မှုန့် 30 g
  3. ထောပတ် 30 g
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. Soy Sauce - ထမင်းစားဇွန်း တစ်ဇွန်း
  6. Cornflour - ထမင်းစားဇွန်း ၄ဇွန်း
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ငရုတ်သီးစိမ်း - လေးတောင့်
  11. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၃ခက်
  12. ဆီ - ထမင်းစားဇွန်း ၁၀ဇွန်း

ပြင်ဆင်ပုံ
  1. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ ကြောဘက်မှ ကပ်ကြေးဖြင့်ခွဲကာ အမည်းကြောင်းထုတ်ပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ခပ်နုတ်နုတ်လှီးထားပါ
  3. ငရုတ်သီးစိမ်းကို အနေတော် လှီးထားပါ
  4. ပျဉ်းတော်သိမ်းရွက်ကို အရွက်ခြွေထားပါ
  5. Cornflour အမှုန့်ထဲမှာ ရေစစ်ထားသော ပုဇွန်ကိုထည့်ပြီး လူးပေးထားပါ
  6. ဆီ ထောပါတ် အုန်းသီးမှုန့် Soy sauce, သကြား ဆားတို့ကို ပြင်ထားပါ
ပုဇွန်ကြော်ရန်
  1. ဒယ်အိုးတလုံးကို အပူပေးပြီး အိုးပူလာပါက မီးကို အနေတော် လျှော့ပြီး ဆီ ထမင်းစားဇွန်း ၃ဇွန်းထည့်ပြီး အုန်းသီးမှုန့်ကို ထည့်ကြော်ပါ
  2. ကြော်နေစဉ် အဆက်မပြတ် မွှေပေးပြီး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆားပါ
  3. ထိုဆီအိုးထဲကိုဘဲ ဆီထမင်းစားဇွန်း ၇ဇွန်းလောက် ထပ်ထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ corn flour အမှုန့်နယ်ထားသော ပုဇွန်ကို ထည့်ကြော်ပါ
  5. ပုဇွန်များ အကျက်ညီစေရန် မကြာမကြာ မွှေပေးပြီး ပုဇွန်များ အရောင်ရဲလာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  6. နောက်ထပ် ဒယ်အိုးတစ်လုံးကို အပူပေးပါ 
  7. ဆီပူလာတာနဲ့ ထောပတ်ကိုထည့်ပြီး မွှေပေးပါ
  8. ထောပတ်ပျော်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်း ပျဉ်းတော်သိမ်းရွက်တို့ကို ထည့်ပြီး ကြော်ပါ
  9. ကြက်သွန်များ ကြွတ်လာတာနဲ့ ဆီစစ်ထားသော ပုဇွန်များနှင့် ဆား သကြား soy salt တို့ကို ထည့်မွှေပါ
  10. တမိနစ်လောက် မွှေပြီးတာနဲ့ မီးပိတ်ကာ ကြော်ထားသော အုန်းသီးမှုန့်ကို ထည့်မွှေပြီး စားပွဲကို ပြင်ပေးပါ
  11. မွှေးပြီးစိမ့်နေတဲ့ အုန်းသီးထောပါတ် ပုဇွန်ကြော် ကြွတ်ကြွတ်လေး ရပါပြီ။

3 comments:

  1. Soy Sauce နဲ့ Cornflourဆိုတာ မြန်​မာလိုဆို ဘယ်​ဟာဝယ်​ရမလည်း မသိလို့ပါ

    ReplyDelete
  2. Soy Sauce နဲ့ Cornflourဆိုတာ မြန်​မာလိုဆို ဘယ်​ဟာဝယ်​ရမလည်း မသိလို့ပါ

    ReplyDelete
  3. Soy sauce က ပဲငံပြာရည် အကျဲပါ မာမာရေးတာ ပဲငံပြာရည် အပျစ်နဲ့အကျဲကို ခွဲမရေးမိလို့ပါ
    Cornflour ကတော့ ပြောင်းကော်မှုန့်ပါ

    ReplyDelete