Sunday 29 May 2016

Sweet Potato Pancakes







ဒီနေ့မနက်တော့ ကော်ဖီပူပူလေးနဲ့သောက်ရအောင် ကန်စွန်းဥပန်ကိတ်လေး လုပ်ဖြစ်သွားပါတယ် လုပ်နည်းလေးလွယ်သလောက် အင်မတန်မှ စားလို့ကောင်းတဲ့ ပန်ကိတ်လေးမို့လို့ လုပ်စားနိုင်အောင် မာမာလုပ်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ - အခွံခွာပြီးသား 200g
  • White flour - 50g
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း (အချိုကြိုက်ပါက ပိုထည့်ပါ)
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • baking powder - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ကန်စွန်းဥကို အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း လှီးပေးကာ ကြွေပန်းကန်တခုထဲ ထည့်ထားပါ
  2. သကြား ဆား baking powder, ဆီ ဂျုံမှုန့် တို့ကို ပြင်ထားပါ
  3. ဇောက်နက်သော အိုးတလုံးမှာ ရေကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  4. ရေဆူတာနဲ့ ပေါင်းဇကာထဲမှာ လှီးထားသော ကန်စွန်းဥပန်းကန်ကို ထည့်ပြီး အဖုံးအုပ်ကာ ၁၅မိနစ်ခန့် ပေါင်းပေးပါပါ
  5. ကန်စွန်းဥအပေါ် မူတည်ပြီး ပြုပ်ချိန် ၁၀မိနစ်မှ ၁၅မိနစ်အတွင်း ရှိနိုင်ပါတယ်
  6. ပြုပ်နေစဉ် ကန်စွန်းဥကို ခရင်းနှင့်ထိုးကြည့်ပါ
  7. ပျော့လာပြီဆိုရင်တော့ ပေါင်းအိုးထဲမှ ထုတ်ပြီး ပန်းကန်တခုထဲ ပြောင်းထည့်ပါ
  8. ကန်စွန်းဥကို ဇွန်းဖင်ဖက်နှင့် ဖိဖိပြီး ချေပေးပါ
  9. ချေနေရင်း ကန်စွန်းဥများ အေးလာပြီး အသားများ ကျေလာတာနဲ့ ဆားနှင့် ဂျုံမှုန့်တ၀က်ကို ထည့်ပြီး ခရင်းနှင့် မွှေပါ
  10. အားလုံး သမသွားတာနဲ့ သကြားနှင့် ကျန်နေသော ဂျုံမှုန့်ကို ထည့်မွှေပါ
  11. ဂျုံမှုန့်နှင့် ကန်စွန်းဥမုန့်သားရတာနဲ့ ထိုမုန့်သားကို စေးပိုင်လာအောင် လက်နဲ့ ၅မိနစ်လောက် နယ်ပေးပါ
  12. နယ်နေစဉ် မုန့်သားပျော့နေပါက ဂျုံမှုန့် နည်းနည်းထပ်ထည့်ပြီး မုန့်သားကိုင်လို့ရအောင် နယ်ပေးပါ
မုန့်သားကြော်ရန် ပြင်ဆင်ပုံ
  1. ပန်းကန်ပြား တချပ်ပေါ်မှာ ဂျုံမှုန့် အနည်းငယ်ကို ဖြန့်ခင်းထားပါ
  2. မုန့်လုံးစဉ် လက်ကိုမကပ်စေရန် ဂျုံမှုန့်အနည်းငယ်နှင့် လက်ဝါးနှစ်ဖက်ကို ပွတ်ပေးပါ
  3. မုန့်ကြော်ပြီး တင်ရန် paper towel ကို ၃ထပ်ခေါက်ပြီး ပြင်ထားပါ
  4. မုန့်သားကို ထမင်းစားဇွန်း တဇွန်းသာသာယူပြီး လက်ဝါးထဲမှာထည့်ပြီး အရင်ဆုံး ပွတ်ပြီးလုံးပေးပါ
  5. ပြီးမှ မုန့်သားအချောင်း ရှည်ရှည်လေးရအောင် လက်ဝါးနှစ်ဖက်ကြားမှာ ပွတ်ပေးပါ
  6. မုန့်သား အလုံးလေး ရတာနဲ့ ဂျုံမှုန့်ဖြူးထားသော ပန်းကန်ပြားပေါ်တင်ထားပေးပါ
  7. ဂျုံမှုန့်ဖြူးထားသော နောက်ပန်းပြား တချပ်ပေါ်သို့ လုံးထားသော မုန့်လုံးလေးများကို လက်နှစ်ဖက်ကို ဂျုံမှုန့်ပွတ်ပြီး လက်ဝါးနှစ်ဖက်ကြားမှာ ဖိပြီးပြားပေးပါ
  8. မုန့်သားကုန်တဲ့ထိ လက်ကိုဂျုံမှုန့်သုပ်လိုက် မုန့်ပုံစံဝင်အောင် မုန့်သားကုန်တဲ့ထိ လုပ်ပေးပါ
  9. ဆီကိုမကပ်သော ဒယ်အိုးတလုံးထဲထည့်ပြီး အပူပေးပါ
  10. ဆီပူလာတာနဲ့ မီးကိုအလယ်လောက်ထိလျှော့ပြီးမှ မုန့်သားများကို တခုခြင်းထည့်ကြော်ပါ
  11. တဖက်အရောင်ပြောင်းလာလျှင် နောက်တဖက်ကို လှန်ပေးပါ
  12. မုန့်သားများ အထဲထိကျက်စေရန် မကြာမကြာ လှန်ပေးပြီး မုန့်သားအားလုံး ရွှေအိုရောင် ပြောင်းလာပြီဆိုရင် ဆယ်ပြီး ဆီစစ်စက္ကူပေါ်တင်ပြီး စစ်ပေးထားပါ
  13. ဆီစစ်ပြီဆိုတာနဲ့ ကော်ဖီနှင့်အလွန်ထက်သော Sweet Potato Pancakes လေးတွေကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment