Thursday, 12 May 2016

ကြက်သားလုံး မွမွရွရွကြော်







ကြက်သားလုံးကြော်လို့ ပြောလိုက်တာနဲ့ ပုံသေတမျိုးထဲ မကြော်ကြဘဲ နည်းမျိုးစုံနဲ့ ကြော်ကြပါတယ် တယောက်နဲ့တယောက် ကြော်နည်းတွေ မတူကြလို့ နှစ်သက်ရာနည်းတို့နဲ့ ကြော်စားနိုင်အောင် ဒီနေ့ကြော်တဲ့နည်းကို မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 200g
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  • ချင်းအမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သွန်ဖြူ အမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲ
ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်သားကိုရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပြီး ခပ်ပါးပါး အချပ်လေးတွေလှီးပေးပါ
  • ပြီးမှ အသားကို အရမ်းမညက်စေရန် အချက်၂၀လောက်ဘဲ စဉ်းပေးပါ
  • ဆား နနွင်းမှုန့် ချင်းအမှုန့် ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူအမှုန့် အရသာမှုန့်တို့နဲ့ မညက်တညက် စဉ်းထားသော ကြက်သားကိုနယ်ပေးပါ
  • အရသာနယ်ထားသော ကြက်သားကို ခပ်ရွယ်ရွယ် အနေတော် အလုံးလေးတွေ လုံးထားပါ
  • တန်ပူရာမှုန့်နှင့် ရေကို ခပ်ပျစ်ပျစ်ဖျော်ထားပေးပါ
  • ဖျော်ထားသော တန်ပူရာမုန့်အနှစ်ထဲမှာ ကြက်သားလုံးကို တလုံးချင်းနှစ်ပြီး လူးပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားလုံကို ထည့်ကြော်ပေးပါ
  • ကြက်သားလုံးကို အကျက်ညီစေရန် အထက်အောက် လှန်ပေးပြီး တခုလုံး ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားလုံးကြော် မွမွရွရွ ကြွတ်ကြွတ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment