Monday 9 May 2016

ဆိတ်သား မဆလာချက်






အေးရှန်းဆိုင်မှာ ဈေးသွားဝယ်တော့ ဆိတ်သားလေးတွေ့တာနဲ့ ဝယ်လာပြီး ဒီနေ့တော့ ဆိတ်သားကို မဆလာလေးနဲ့ ခပ်စပ်စပ်လေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 500 g
  2. မဆလာ - လက်ဖက်ရည်ဇွန်း မောက်မောက်တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငရုတ်သီး စိမ်း - စားနိုင်သလောက်
  9. ဆီ - ထမင်းစားဇွန်း ၁၀ဇွန်း

ပြင်ဆင်ပုံ

  • ဆိတ်သား အတုံးလိုက်ကို သံပုရည်ညှစ်ပြီး နယ်ကာ ၅မိနစ်လောက်ထား၍ ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်တာနဲ့ စဥ့်နီတုံးပေါ်တင်ပြီး အသားများကို လက်တလုံးအရွယ် ၂လက်မလောက်အရှည် အနေတော်လေးတွေ တုံးပေးပါ
  • လှီးထားသော အသားကို ဆား အရသာမှုန့် မဆလာနနွင်းမှုန့်တို့နှင့်နယ်ပြီး ၁၀မိနစ်ေလောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိမ်းကိုရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
ဟင်းချက်ရန်
  1. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  2. ဆီပူပြီး ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ  ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အသားကို ထည့်မွှေပါ
  4. အသားများ လုံးထွေးမနေစေရန် ဇွန်းဖြင့်မွှေကာ အရောင်ပြောင်းလာပြီး မာလာတဲ့ထိ မွှေပေးပါ
  5. ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးဖုံးကာ တည်ပေးပါ
  6. ရေခမ်းကာနီး အိုးမကပ်စေရန် အထက်အောက် မွှေပေးပြီး ဆီပြန်လာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment