Saturday, 7 May 2016

ကြက်သားလုံးကြော် မွမွလေး










နေ့လည်နေ့ခင်း အစာပြေ ဘာစားရင်ကောင်းမလဲ စဉ်းစားမိတော့ ထွက်လာတဲ့အဖြေက ကြက်သားလုံး ကြော်လေးပေါ့နော် အပြင်လဲ မထွက်ချင်တော့ အပင်ပန်းခံပြီး ထုထောင်း ပြင်ဆင်ပြီး ကြော်ဖို့ ပြင်ဆင်ရတာပြန်တာပေါ့ ဒီနေ့ကြော်တဲ့ ကြက်သားလုံးကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား - 200g
  • panko bread crumbs - လက်ဖက်ရည်ပန်းကန်လုံး တလုံး
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ချင်းအမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ကြက်သွန်ဖြူအမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲ
ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပြီး ညက်နေအောင် ဓါးနှင့်စဉ်းပေးပါ
  • ဆား ကြက်သွန်ဖြူမှုန့် ချင်းမှုန့် ငရုတ်ကောင်းမှုန့် အရသာမှုန့်တို့နဲ့ ကြက်သားကိုနယ်ပေးပါ
  • panko bread crumb မှုန့်ကို ပန်းကန်ပြား တချပ်ထဲ ထည့်ထားပါ
  • အရသာနယ်ထားသော ကြက်သားကို အနေတော် အလုံးလေးတွေ လုံးပေးပါ
  • လုံးထားသော ကြက်သားလုံးများကို panko bread crumbs ထဲမှာ  တလုံးချင်း ခပ်ဖွဖွ လူးပေးပါ
  • ပထမတကြိမ်လူးပြီး နောက်တခါ ပိုနေသောအမှုန့်များ ထပ်လူးပေးပါ
  • ပြီးတာနဲ့ ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားလုံးကို ထည့်ကြော်ပေးပါ
  • ကြက်သားလုံးများ အကျက်ညီစေရန် ကြက်သားလုံးကို လှည့်လှည့်ကြော်ပေးပါ 
  • တခုလုံး ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားလုံးကြော် မွမွရွရွ ကြွတ်ကြွတ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment