Thursday 5 May 2016

ငရုတ်သီးဆားထောင်း


ချဉ်ရည်ဟင်း ချက်ဖြစ်တိုင်း ငရုတ်သီးဆားထောင်းလေးတော့ ပုံမှန်ထောင်းဖြစ်ပါတယ် ငရုတ်သီးဆားထောင်း ထောင်းတိုင်း ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် ငရုတ်သီးအခြောက် လုံးခြမ်းကွဲတို့ကို နည်းအမျိုးမျိုးနဲ့ ထောင်းစားတဲ့ အထဲက ဒီနေ့ထောင်းဖြစ်တဲ့ နည်းတစ်နည်းကို မျှဝေလိုက်ပါတယ်။

ဝင်ပစ္စည်းများ

  1. ငရုတ်သီးအခြောက် လုံးခြမ်းကွဲ- ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၉မွှာ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  2. ငရုတ်သီးမှုန့် ဆား အချိုမှုန့် တို့ပြင်ထားပါ
  3. အရင်ဆုံး ကြက်သွန်ဖြူကို ငရုတ်ဆုံထဲမှာထည့်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  4. ပြီးတာနဲ့ ငရုတ်သီးမှုန့် အချိုမှုန့် ဆားတို့ထည့်ပြီး ၁၅ချက်လောက် ထောင်းပေးပါ
  5. ပန်းကန်တခုထဲပြောင်းပြီး ငရုတ်သီးဆားထောင်းကို လိုက်ဖက်မည့် ချဉ်ရည်ဟင်းနဲ့ တွဲဘက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment