Thursday 5 May 2016

ပုဇွန်ကင်ထောင်း ငါးပိရည်ဖျော်စပ်စပ်လေး


မြန်မာ မိသားစု အများစုအိမ်တွေမှာ ထမင်းဝိုင်း ပြင်တော့မယ်ဆိုရင် အဓိက ငါးပိရည် တို့စရာတော့ ပါတတ်ကြပါတယ် ဒီတခါတော့ ပုဇွန်ထုတ်ကို မီးကင်ပြီး ထောင်းထားတဲ့ ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  3. ကြက်သွန်နီ  - ခပ်သေးသေး တစ်လုံး
  4. ရွှေလံဘိုငရုတ် ၃တောင့်
  5. ပုဇွန်မီးကင် - ၃ကောင်
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို အခွံမခွာဘဲ အလုံးလိုက် အခွံများကျွမ်းတဲ့ထိ မီးဖုတ်ထားပါ
  2. မီးဖုတ်ထားသော ကြက်သွန်နီကို ရေထဲခနအေးအောင်စိမ်ပြီး အခွံကို ခွာထားပါ
  3. ပုဇွန်ကို အပြင်ခွံများ ကျွမ်းသွားအောင် မီးဖုတ်ကာ အခွံခွာထားပါ
  4. ငပိရည်ကို ကျိုထားပြီး အရိုးငင်ကာ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
  5. ငရုတ်ဆုံထဲမှာ ရွှေလံဘိုငရုတ်သီးကို မညက်တညက်ထောင်းပေးပါ
  6. ပြီးတာနဲ့ အခွံခွာထားသော ပုဇွန်ကိုအရင်ထောင်းပြီး ကြက်သွန်နီကို မညက်တညက် ထည့်ထောင်းပါ
  7. ထောင်းပြီးသားများနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငပိရည်ပန်းကန်ထဲ ထည့်ကာ ဖျော်ပေးပါ
  8. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ပုဇွန်မီးဖုတ်ထောင်း ငပိရည်ဖျော်လေးရပါပြီ။

No comments:

Post a Comment