Tuesday 24 May 2016

နံနံပင်နံ့မွှေးတဲ့ အာလူးကတ်တလိတ်


ဒီနေ့မနက်တော့ သတ်သတ်လွတ် အာလူးကတ်တလိတ် မွှေးမွှေးလေး ကြော်စားဖြစ်ပြီး နံနံပင်နံ့မွှေးမွှေးလေးနဲ့မို့ အင်မတန်မှ စားလို့ကောင်းလွန်းလို့ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. အားလူး - 700 g 
  2. တန်ပူရာအကြော်မှုန့် - 100 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. နံနံပင်- ၅ပင်ခန့်
  7. ဆီ - လိုသလောက်
  8. ကြက်ဥ - တစ်လုံး
  9. ဆီ - အနည်းငယ် (လက်ကိုသုတ်ရန်)

ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားကာ အနေတော်အရွယ် လှီးထားပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပေးပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ကြက်ဥအကာနှင့် နံနံပင်တို့ သမသွားအောင် ထည့်နယ်ပေးပါ
  • ပြီးတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
  • အားလုံးဆုတ်လုံးပေးပြီးပါက လက်ဝါးနှစ်ဖက်ကို ဆီသုတ်ပေးကာ အာလူးလုံး တစ်လုံးချင်းယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးပါ
  • အာလူးလုံးလေးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးလုံးလေးများ မထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တစ်လုံးခြင်းထည့်ပြီ ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နံနံပင်နံ့မွှေးမွှေးလေးနဲ့ သတ်သတ်လွတ်အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

2 comments:

  1. နေ့စဉ်ပုံမှန် မာမာတင်တဲ့ အစားအသောက်တွေဖတ်ဖြစ်တယ်။
    ပုံမှန်ပို့စ်တွေတင်ဖြစ်တဲ့အတွက် ချီးကျူးပါတယ် မာမာရေ။

    ReplyDelete
  2. အလုပ်မအားပေမဲ့ ပြေးပြေးလွှားလွှား တင်ပြီး ပြန်ပိတ်ပြေးရလို့ အခုမှ ကွန်မန့် ပြန်ဖြစ်ရယ် တီတင့်ရယ်
    Sorry နော်

    ReplyDelete