Wednesday 11 May 2016

အာလူးကြော်


နေ့လည်နေ့ခင်း အစာပြေ အာလူးကြော် ကြွတ်ကြွတ်မွမွလေး စားရလေအောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အာလူး - ခပ်ကြီးကြီး ၂လုံး
  2. အကြော်မှုန့် - ထမင်းစားဇွန်း ၃ဇွန်း မောက်မောက် (မည်သည့်အကြော်မှုန့်မဆို သုံးနိုင်ပါတယ်)
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် ၂လုံး

ပြင်ဆင်ပုံ
  1. အာလူးကို အခွံခွာပြီး ပုံပါအတိုင်းလှီးကာ ရေ၂ခါလောက်ဆေးပြီး ရေစစ်ထား
  2. အကြော်မှုန့်ကို ရေနှင့် ခပ်ပြစ်ပြစ် အနေအထား ရအောင် ဖျော်ပေးပါ
  3. မုန့်နှစ်အနေအထား ခပ်ပျစ်ပျစ်ရလာတာနဲ့ ဆား ငရုတ်ကောင်းမှုန့် အရသာမှုန့် အာလူးနှင့်ရောနယ်ပေးပါ
  4. ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ အာလူးမုန့်နှစ်လူးကို ထမင်းစားဇွန်း တဇွန်းစာထည့်ပြီး ကြော်ပေးပါ
  5. တဖက်ရွှေအိုရောင်သန်းလာတာနဲ့ နောက်တဖက်ကို လှန်ပြီးဆက်ကြော်ပေးပါ
  6. နှစ်ဖက်လုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  7. ဆီစစ်တာနဲ့ နှစ်သက်ရာအချဉ်နဲ့ တွဲဖက်ပြီး စားနိုင်ပါပြီ။

No comments:

Post a Comment