Saturday, 7 May 2016

ရွှေရင်အေး ချိုချိုမွှေးမွှေးလေး






သင်္ကြန်တွင်း လုပ်စားဖြစ်တဲ့ ရွှေရင်အေးပါ ကျောက်ကျောလေးထည့်ရင် ပိုပြီးကောင်းပါတယ် အမြန်စားချင်တာနဲ့ ကျောက်ကျောမကျိုတော့ဘဲ အိမ်မှာအသင့်ရှိနေတဲ့ ပစ္စည်းလေးတွေနဲ့ဘဲ အမြန်လုပ်လိုက်တဲ့ ရွှေရင်အေးဆိုလဲ မမှားပါဘူး သာဂူကျိုနည်းက တင်ပြီးသားမို့ အိမ်လုပ်အလွယ် ရွှေရင်အေး ပြင်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သာဂူပြင် - ၁၀ခု
  • ကောက်ညှင်းပေါင်း - ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • ပေါင်မုန့် - ၅ချပ်
  • အုန်းနို့ - 200ml
  • ရေသန့်-  800ml
  • သကြား - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်း အချိုကြိုက်လျှင် ပိုထည့်ပါ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ရေခဲ - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  1. သာဂူပြင်ကို အနေတော် လှီးထားပါ
  2. ပေါင်မုန့်ကို အနားသားများဖယ်ကာ ပုံပါအတိုင်း အဆင်သင့် ပြင်ထားပါ
  3. ကောက်ညှင်းပေါင်းကို ပြင်ထားပါ
အုန်းနို့ဖျော်ရန်
  • အုန်းနို့ ရေ သကြား ဆားတို့ကို သကြားပျော်အောင် ဖျော်ပေးပါ
မုန့်ပွဲပြင်ရန်
  • သာဂူပြင် ပေါင်မုန့် ကောက်ညှင်းပေါင်းတို့ကို ပန်းကန်တခုထဲမှာ ထည့်ပေးပြီး ပြင်ပါ
  • ပြင်ထားသော ပန်းကန်ထဲ အုန်းနို့ကို လိုသလောက်ဆမ်းပြီး ရေခဲထည့်ကာ ပြင်ပေးနိုင်ပါပြီ

No comments:

Post a Comment