Tuesday 10 May 2016

ကြက်သား အသီးအရွက် အစိမ်းကြော်



တစ်နေ့တာအတွက် ထမင်းမြိန်မြိန် စားနိုင်အောင် ဟင်းတစ်မယ်ထဲနဲ့ အသားအသီးအရွက် တစ်ခါထဲပါအောင် အစိမ်းကြော်လေး ကြော်ဖြစ်လို့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခပ်ပြားပြား ရှည်ရှည်အတုံးလေးတွေ တုံးထားသောကြက်ရင်ပုံသား - 150 g
  2. အနေတော် အတုံးလေးတွေ တုံးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  3. အကွင်းလိုက် အနေအထားရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. လက်တစ်ဆစ်ခန့်လှီးထားသောကြက်သွန်မိတ် - နှစ်ပင်
  6. ထက်ခြမ်းခြမ်းထားသော ကြယ်သီးမှို  - ဆယ်ဖူး
  7. အနေတော် လှီးထားသော ဘရိုကိုလီ - ဆယ်ခက်ခန့်
  8. အရှည်လိုက် လှီးထားထေားသောချင်း - လက်တစ်ဆစ်ခန့်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်ခန့်
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ပထမဆုံး အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူတာနဲ့ ကြက်သားကို ထဲ့ကြော်ပေးပါ
  • ကြက်သားကို သုံးမိနစ်လောက်ကြော်ပြီးတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေခမ်းသွားတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို တစ်မိနစ်လောက်ထဲ့မွှေပေးပါ
  • ပြီးတာနဲ့မုံလာဥနီနှင့် မှို ဘရိုကိုလီတို့ကိုထဲ့ တစ်မိနစ်လောက် ထဲ့ကြော်ပါ
  • ကြက်သွန်မိတ် ထဲ့ပြီးတာနဲ့ ဆား ငံပြာရည်  ပဲငံပြာရည်တို့ကို တစ်ခါထဲ ဆက်တိုက် ထဲ့ပြီးမွှေပေးပါ
  • ကြက်သွန်များ နွမ်းမသွားအောင် မြန်မြန်ကြော်ပြီး မီးပိတ်ကာ အရသာမြည်းပြီး ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • အရသာရှိစွာ သုံးဆောင်နိုင်သော ကြက်သား အသီးအရွက် အစိမ်ေးကြာ်ကို စားသုံးရန် ရပါပြီ။

No comments:

Post a Comment