Monday 9 May 2016

ခဝဲသီး ကြော်ချက်








ခ၀ဲသီးတွေ လက်ဆောင်ရတော့ အရမ်းပျော်တာပေါ့နော် သဘာဝကိုက အရမ်းချိုတဲ့ အသီးမို့ လတ်လတ်ဆတ်ဆတ်လေး စားရတော့ နတ်သုဒ္ဒါတမျှကို ကောင်းလွန်းပါတယ်။

သခွားသီး ချက်နည်းက အရမ်းကို လွယ်ပါတယ် ဒါဆို ဘာလို့ blog မှာ တင်လဲ မေးလာနိုင်ပါတယ် ပြင်ဆင်နည်း မသိတဲ့အခါ ချက်ပြီးလွှင့်ပြစ်ရတာတွေ လာလာပြောတော့ သမျှောစရာပေါ့နော်။

တကယ်ဆို ခ၀ဲသီးက အခွံမာပါတယ် ချက်နည်းမသိတဲ့သူက အခွံကို ဓါးနဲ့မခြစ်ဘဲ လှီးပြီးချက်တဲ့အခါမှာ အခွံကမာပြီး စားလို့မကောင်းဘဲ မာကြမ်းကြမ်းကြီး ဖြစ်နေတတ်ပါတယ်။

ခ၀ဲသီး ချက်နည်းလေးရေးရင်း ခ၀ဲသီး လက်ဆောင်ပေးတဲ့ သမီး April ကို ကျေးဇူးအများကြီး တင်ပါကြောင်း ဒီနေရာက ပြောလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  1. ခ၀ဲသီး - အနေတော် လေးတောင့်
  2. ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ပုဇွန်ထုတ် - ၅ကောင်

ပြင်ဆင်ပုံ
  1. ခ၀ဲသီးအပေါ်ဖက်မှ အခွံဇောင်း မာမာများကို ဓါးနှင့် စိတ်ရှည်ရှည် ခြစ်ပေးပါ
  2. အခွံအားလုံး ကုန်သွားစရာမလိုဘဲ အပေါ်ယံ ကုန်သည်ထိဘဲ ခြစ်ပါ
  3. အခွံများ ခြစ်ပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ အလုံးလိုက် ရေဆေးပေးပါ
  4. ရေဆေးပြီးမှ ထက်ခြမ်းခြမ်းကာ ခပ်ထူထူလေး လှီးပေးပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  7. ပုဇွန်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  8. ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကို ထည့်ပေးပါ
  9. ဆီအငွေ့တက်လာတာနဲ့ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းတယ်ဆိုရုံလေး ကြော်ပေးပါ
  10. ကြက်သွန်များနွမ်းလာတာနဲ့ ပုဇွန်ကို ၂မိနစ်လောက်ဘဲ ထည့်ကြော်ပါ
  11. ပြီးတာနဲ့ လှီးထားသော ခ၀ဲသီးကို ထည့်ကြော်ပါ
  12. ခ၀ဲသီး နွမ်းအောင်ကြော်ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲနှင့် ဆားတို့ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  13. ရေဆူပြီး သခွားသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ဆားထည့်မွှေကာ အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment