Friday, 13 May 2016

ပျဉ်းတော်သိမ်း အာလူးကတ်တလိတ်




ဒီနေ့မနက်တော့ သတ်သတ်လွတ် အာလူးကတ်တလိတ် မွှေးမွှေးလေး ကြော်စားဖြစ်ပါတယ် ပျဉ်းတော်သိမ်းရွက်နံ့မွှေးမွှေးလေးနဲ့မို့ အင်မတန်မှ စားလို့ကောင်းလွန်းတဲ့အတွက် မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အားလူး - 500g 
  • တန်ပူရာမှုန့် - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်းမောက်မောက် (မည်သည့်အကြော်မှုန့်မဆို ထည့်နိုင်ပါတယ်)
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပျဉ်းတော်သိမ်းရွက် - ၅ခက်ခန့်
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • ပျဉ်းတော်သိမ်းရွက်ကို ခပ်ပါးပါးလှီးထားပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တလုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက လှီးထားသော ပျဉ်းတော်သိမ်းရွက်များ ထည့်နယ်ပြီး ထမင်းစားဇွန်း တဇွန်းစာယူပြီး လက်နှင့်ဆုတ်ပေးပါ
  • အားလုံးဆုတ်ပေးပြီးပါက လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးပါ
  • အာလူးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးမထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တလုံးခြင်းထည့်ပြီ ကြော်ပေးပါ
  • တဖက်ရွှေဝါရောင် သန်းလာပါက နောက်တဖက်ကို လှန်ပေးပါ
  • တလုံးလုံ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ပျဉ်းတော်သိမ်းနံ မွှေးမွှေးလေးနဲ့ သတ်သတ်လွတ်ပျဉ်းတော်သိမ်းနံ့ သက်းသင်းလေးနဲ့အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ

No comments:

Post a Comment