Tuesday, 10 May 2016

သံပုရာရည်ဆမ်း ပုဇွန်ငါးပိထောင်း မွှေးမွှေးလေး


အငံလေးပါမှ ထမင်းစားမိန်သူတွေအတွက် ပုဇွန်ငါးပိကို မွှေးနေအောင်ကင်ပြီး သံပုရာရည် ဆမ်းထားတဲ့ ပုဇွန်ငါးပိထောင်း မွှေးမွှေးလေး ကင်ပြီးစားရအောင် ကင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်းခွဲ
  • ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၂၀ခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  • ငရုတ်သီးစိမ်း - ၁၅တောင့်
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်းတဇွန်း
  • သံပုရာသီး - အနေတော် တလုံး
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
  1. ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  2. မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တလုံးထဲ ပုဇွန်ငါးပိကို ကပ်ကာ ကင်ပေးပါ
  3. အပေါ်ယံ တင်းလာပါက နောက်တထက်ကို လှန်ပြီး ဆက်ကင်ပေးပါ
  4. ငရုတ်သီးစိမ်းကို လှော်ထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  6. ငရုတ်ဆုံထဲမှာ အရင်ဆုံး ပုဇွန်ခြောက်ကို ညက်အောင်ထောင်းပေးပါ
  7. ပုဇွန်ခြောက် ညက်တာနဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထည့်ထောင်းပါ
  8. အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့အရသာမှုန့် ပုဇွန်ငါးပိကင်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ထည့်ထောင်းပါ
  9. ပြီးတာနဲ့ ပုဇွန်ငါးပိထောင်းကို သံပုရာသီး အရည်ညှစ်ကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment