Wednesday 18 May 2016

ဘာဆာငါးဆုတ်



ငါးဖယ်လိုဘဲ မာပြီးအသား အထပ်လိုက်ရအောင်  စားလို့ကောင်းအောင် ဗလင်ဒါထဲ ထည့်ကြိတ်ထားတဲ့ ဘာဆာငါးဆုတ်ကြော်ပါ ဗလင်ဒါနဲ့မကြိတ်ဘဲ ပေါက်မယ် ထောင်းမယ်ဆိုရင်တော့ အနည်းဆုံး အချက် ၃၀၀လောက်ပေါက်ရ ထောင်းရပါမယ်။

ဗလင်ဒါထဲ ထည့်ပြီးကြိတ်မယ် ဆိုရင်တော့ တမိနစ်ကြိတ် တခါနားပြီး ၁၀ခါလောက် ကြိတ်ပေးရင် ကြော်တဲ့အခါမှာ ငါးဖယ်လိုဘဲ ရပါတယ် ဘာဆာငါးဆုပ်ကြော်လေး ရပြီဆိုရင်တော့ အာပူလျှာပူ ချက်သောက်မလား မုန့်ဟင်းခါးနဲ့စားမလား အုန်းနို့ခေါက်ဆွဲနဲ့စားမလား ဒီအတိုင်း သုပ်စားမလား ငါးဆုပ်အစာသွပ် လုပ်စားမလား ဆီပြန်လေးပြန်ချက်မလား မျိုးစုံအောင် လုပ်စားနိုင်တဲ့ ငါးဆုတ်လေး ရမှာပါ။

ပါဝင်ပစ္စည်းများ
ငါးဆုတ်ကြော်အတွက် ငါးအရသာနယ်ရန် 

  1. ဘာဆာငါး - 700 g
  2. ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ (အားလုံကိုရောပြီး ဗလင်ဒါထဲမှာ ကြိတ်ပေးပါ)


ငါးဆုတ်ကြော်ရန်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲ
  • ကြိတ်ပြီးသားကို အရင်ဆုံး လက်ကိုရေဆွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ငါးကုန်တဲ့အထိ တလုံးခြင်း ဆုတ်ပေးပါ
  • ဒယ်အိုးတလုံးကို အပူပေးပါ အိုးပူမှ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပါ
  • ပြီးမှ မီးအပူရှိန်ကို နည်းနည်းလျှော့ပြီး ဆီပူအိုးထဲသို့ တလုံးချင်း ထဲ့ပြီးကြော်ပေးပါ
  • ဆီအိုးထဲမထည့်ခင် လက်ကိုရေဆွတ်ပြီး  ဆုတ်ထားသောငါးဆုတ်ကို ငါးချက်လောက် ဆုတ်ပြီးမှ ဆီအိုးထဲကို ထည့်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို လှည့်ပေးပါ
  • တခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ထားပါ
  • အလွှာအထပ်လေး ရလာတဲ့ ဘာဆာငါးဆုတ် ရပါပြီ။

2 comments:

  1. ဘာဆာ ငါးက frozen ဆိုရင်ကော အဆင်ပြေလား သိချင်လို့ပါရှင့်။

    ReplyDelete
  2. ရပါတယ်ရှင့်
    ခဲထားတာကို ပျော်အောင်လုပ်ပြီး ရေကုန်အောင်တော့ လက်နဲ့ခပ်ဖွဖွ ညှစ်ချပြီး သုပ်ပေးရပါတယ်

    ReplyDelete