Saturday 9 July 2016

ပုဇွန်ပဲငပိ အစပ်ဟင်း


တနေ့တာ ထမင်းဝိုင်းလေးအတွက် စားမိန်ဟင်းလေး ဖြစ်ဖို့ရာ ဟင်းတမယ်ချက်ဖို့ ပြင်ဆင်ရတာ စဉ်းစားရတာတွေက တကယ်တမ်းကျတော့ စိတ်မောရပါတယ် ဒါပေမဲ့လဲ စိတ်မောရတဲ့ ကြားထဲကဘဲ လက်လှမ်းမှီသလောက် စိတ်ကူးရသလို ချက်ရပြန်တာပါဘဲ ဒီနေ့တော့ ထမင်းကို မိန်စေမဲ့ ပုဇွန်ထုတ် ပဲငါးပိကြော်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ဆယ်ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ဆီ - စားပွဲတင်ဇွန်း ၁၀ဇွန်း
  4. ကြက်သွန်မိတ် - ၃ပင်
  5. ကြက်သွန်နီ - အနေတော် ၂လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂ မွှာ
  7. ချင်း - ခပ်ပါးပါး ၃ပြားစာ
  8. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  9. ပဲငါးပိအချို - ထမင်းစားဇွန်း ၄ဇွန်း
  10. ငရုတ်သီးအခြောက်တောင့် - ၅တောင့်ခန့်
  11. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

 ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်၍ ကြောဖက်မှ အမည်းကြောင်း ထုတ်ပေးပါ
  • ပဲငါးပိနှင့် ငရုတ်သီးအခြောက်တောင့်ကို ပြင်ထားပါ
  • ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက်လှီးပေးပါ
  • ကြက်သွန်ဖြူ ၃မွှာကို ဓါးပြားရိုက်ပြီး လှီးထားပါ
  • ကြက်သွန်မိတ်ကို အနေတော် လှီးပေးပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • အားလုံးပြီးတာနဲ့ ဆီကိုအပူပေးပြီး ငရုတ်သီးတောင့်ကို အရင်ဆုံး ညိုသွားတဲ့အထိ ကြော်ပေးပြီး ဆယ်ထားပါ
  • ထိုဆီထဲမှာဘဲ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ကြော်ပေးပါ
  • ကြက်သွန်များ အရမ်းနူးမသွားစေရန် မိနစ်ဝက်လောက် ခနဘဲကြော်ပေးပြီး ပဲငါးပိ ဆား ပုဇွန် အချိုမှုန့်တို့ ထည့်မွှေပေးပါ
  • ပုဇွန်ထည့်ပေးပြီး ၃မိနစ်လောက်ကြော်ပြီးတာနဲ့ ကြော်ထားသော ငရုတ်သီးတောင့် ကြက်သွန်မိတ်တို့ ထည့်မွှေကာ အရသာ မြည်းပါလိုသလိုပြင်ပေးပြီး ပန်းကန်ထဲထည့်ကာ စားပွဲပြင်ပေးပါ
  • ချင်းနံ့သင်းသင်းလေးနဲ့ ပုဇွန်ပဲငါးပိကြော်ကို ထမင်းပူပူလေးနှင့် နှစ်သက်သလို စားသုံးနိုင်ပါပြီ ။
    •  

No comments:

Post a Comment