Friday 15 July 2016

ကြက်တောင်ပံကင်



ဆောင်းတွင်းကြီး အေးချမ်းနေချိန် မိုးရောလေပါ စွေနေလေတော့ ဈေးလဲမသွားချင် ရေခဲသေတ္တာထဲ ရှိတာတွေ ဆွဲထုတ်ကာ ကြက်တောင်ပံ တထုတ်တော့ တွေ့ပြီပေါ့ ဘာလုပ်ရကောင်းမလဲ စဉ်းစားရင်း ချိုချဉ်ငံစပ် အကုန်အရသာနယ်ကာ အရင်ဆုံး ကျက်တယ်ဆိုရုံလေး ကြော်ပြီး အာဗင်ထဲထည့်ပြီး ကင်ကာ ထမင်းပူပူလေးနဲ့ စားဖို့ပြင်လိုက်ပါတော့တယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ  - 600g
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီး အစပ်မှုန့် -  လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ချီလီဆော့ - ထမင်းစားဇွန်း တဇွန်း
  • ပျားရည် - ထမင်းစားဇွန်း တဇွန်း
  • ချင်းအမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သွန်ဖြူ အမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်ကောင်း အမှုန့် -  လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နံနံပင်အခြောက် အမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သံလွင်ဆီ - ထမင်းစားဇွန်း လေးဇွန်းခန့်
ပြင်ဆင်ပုံ
  • ကြက်တောင်ပံများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဇလုံတလုံးထဲမှာ ဆီ ထမင်းစားဇွန်း ၃ဇွန်းနှင့် ပါဝင်ပစ္စည်း အားလုံးကို ကြက်တောင်ပံနှင့် အရသာဝင်အောင် နယ်ပြီး အနည်းဆုံး တနာရီလောက် နှပ်ထားပါ
  • ဒယ်အိုးတလုံးကို အပူပေးပြီး အရသာနယ်ထားသော ကြက်သားများနှင့် နှပ်ထားသော အရည်များပါထည့်ကာ အရည်ခမ်းတဲ့ထိ လုံးမိရုံလေး ကြော်ပေးပါ
  • ပြီးတာနဲ့ အာဗင်ကို ၂၀၀ဒီဂရီ စင်တီဂရိတ်နှင့် ၁၅မိနစ် ကြိုပြီး ဖွင့်ပေးထားပါ
  • လုံမိရုံ ကြော်ထားသော ကြက်သားများကို အာဗင်သုံး၍ရသော ဗန်းထဲမှာ စီပြီးထည့်ပေးပါ
  • ကြက်သားများကို သံလွင်ဆီနှင့် လိုက်ဖျန်းပေးပြီး အာဗင်ထဲ ၁၀မိနစ်မှ ၁၂မိနစ်ထိ ထည့်ကင်ပေးပါ
  • ချိုချဉ်ငံစပ် ကြက်သားတုံး မွှေးမွှေးလေးများကို ထမင်းပူပူနှင့် စားသုံးနိုင်ရန် အသင့်ဖြစ်ပါပြီ။



No comments:

Post a Comment