Friday 22 July 2016

ငါးဖယ်ငါးဆုတ် ဆီပြန်ဟင်း


ငါးဖယ်ငါးဆုပ်ဟင်းလို့ ဆိုလိုက်တာနဲ့ ချက်နည်းကြော်နည်းတွေက အများသားပါ ကြော်ချက်လေး ချက်မလား အစိမ်းပြစ်ချက်လေး ချက်မလား စဉ်းစားနေရင်းက ကိုယ်စားချင်သလိုလေး အရင်ဆုံး ချက်လိုက်ပါတယ်။

ငါးဖယ်ငါးဆုတ်ဟင်းဆိုရင် အစိမ်းပြစ်ချက်လေးကို ပိုပြီးကြိုက်မိလို့ ဒီနေ့တော့ အစိမ်းပြစ်ချက်လေး ချက်ထားတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးဖယ်ခြစ် - 500 g
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ဟင်းချက်ရန် တစ်ဝက် ငါးဖယ်ထောင်းရန် တစ်ဝက်)
  3. ကြက်သွန်ဖြူ - ၆မွှာ (ဟင်းချက်ရန်နှင့် ငါးဖယ်ထောင်းရန် တစ်ဝက်စီခွဲသုံးရန်)
  4. ချင်း - လက်တစ်ဆစ်သာသာ ( ။        ။      ။        ။     ။        ။         ။  )
  5. ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ကြက်သွန်နီ - အနေတော် တစ်လုံး
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ( ဟင်းချက်ရန်နှင့် ငါးဖယ်ထေားင်ရန် တ၀က်စီ)
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  9. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  10. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  11. ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  12. ရေ - ငါးဖယ်ငါးဆုတ် မြုပ်အောင်ထည့်ရန် လိုသလောက်

ပြင်ဆင်ပုံ
  • ငါးဖယ်ခြစ်ကို ဆား အချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က် ကြက်သွန်ဖြူ ၃မွှာ ချင်းလက်တဆစ်ရဲ့ တ၀က်တို့နဲ့ ရောပြီး မာပြီးစေးထန်းလာတဲ့အထိ ထောင်းပေးပါ
  • ငါးဖယ်ထောင်း မာပြီးစေးထန်းလာပါက လက်ကိုရေစွတ်ပြီး ရေကိုခါပလိုက်ပြီးမှ ငါးဖယ်ထောင်းကို အနေတော်ယူကာ အားလုံးကို အဆင်ပြေသလို ဆုတ်လုံးပေးထားပါ
  • ခရမ်းချဉ်သီးကို နူးအောင်ပြုပ်ပြီး အခွံခွာထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီးထောင်းပေးထားပါ
  • ဒယ်အိုးတလုံးထဲ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  နနွင်းမှုန့်နှင့် ငရုတ်သီးထောင်းတို့ကို ထည့်ပြီးဆီသတ်ပါ 
  • ဆီသတ်ထားသော ငရုတ်သီးထောင်းများ မွှေးလာတာနဲ့ ငါးငံပြာရည်ထည့်ပြီး သုံးလေးချက်လောက် မွှေလိုက်ပါ
  • ပြီးတာနဲ့ အခွံခွါထားသော ခရမ်းချဉ်သီးများထည့်ကာ ကြေသွားအောင် မွှေကြော်ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ ကြေလာတာနဲ့ အချိုမှုန့်နှင့် ရေကိုထည့်ပြီး ဆူလာအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ လုံးထားသော  ငါးဖယ်ငါးဆုပ်များကို ဆီသတ်ထားသော အိုးထဲထည့်ကာ အိုးအဖုံးကို ဖုံးပေးပြီး ၈ မိနစ်လောက် တည်ပေးပါ
  • ဟင်းအိုး တည်နေစဉ် ငါးဆုပ်လုံးထဲ အရသာ အ၀င်ညီစေရန် လေး ငါးခေါလောက် မွှေမွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ အရည်လေးနဲ့ စားချင်ရင် ရေမခမ်းခင် မီးပိတ်ပေး၍ ငါးဖယ်ငါးဆုတ်ဟင်းကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment