Wednesday 13 July 2016

ငါး ပေါင်မုန့်ခြောက်အမှုန့်ကပ်ကြော်




ဘာဆာငါးတွေ ဈေးချတယ်ဆိုရင် မာမာတယောက် ပျော်မှပျော်ပါဘဲ အမျိုးမျိုးလုပ်စားနိုင်တဲ့ ငါးတမျိုးဖြစ်သလို အနံ့အသက်ကင်းတဲ့ ငါးအမျိုးအစား ဖြစ်တဲ့အတွက် စားမိန်ဟင်းတမယ် ပြင်ရတာ မြန်ဆန်လွယ်ကူစေပါတယ်။

ဒီနေ့တော့ ဘာဆာငါးပြားတွေကို အရွယ်တူရအောင် လှီးပေးပြီး ကြော်ဖို့ပြင်ကာ လှီးလို့ထွက်လာတဲ့ မညီမညာ အသားစတွေကိုတော့ အာပူလျှာပူချက်ဖို့ ပြင်ပါမယ် အခုလို ကြော်စားနိုင်ဖို့ကို မြန်မာပြည်မှာ ဆိုရင်တော့ အသားအရမ်းထူတဲ့ ပင်လယ်ငါး ပလာတူးကို အသားလွှာပြီး အနံ့အရသာတွေ နယ်ကာ ကြော်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 400 g
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံးခန့်
  8. ကြက်ဥ - တစ်လုံး
  9. ဂျုံမှုန့်- ထမင်းစားဇွန်း ၅ဇွန်းခန့်
  10. Bread crumbs - ထမင်းစားဇွန်း ၇ဇွန်းမောက်မောက်

ပြင်ဆင်ပုံ

  1. ဘာဆာငါးကို ရေဆေးပြီး ရေခြောက်အောင်သုတ်၍ အနေတော် ပုံပါအတိုင်း တုံးထားပေးပါ
  2. ဇလုံတခုထဲမှာ ဆား ငရုတ်ကောင်းမှုန့် ချင်းမှုန့် ကြက်သွန်ဖြူမှုန့် အချိုမှုန့်ထည့်ပြီး နယ်ပေးထားပါ
  3. Bread crumbsနှင့် ဂျုံမှုန့်တို့ကို ပန်းကန်ပြား တခုစီထဲမှာ သပ်သပ်စီ ထည့်ပေးထားပါ
  4. ကြက်ဥကို ပန်းကန်တခုထဲမှာ ခလောက်ထားပါ
  5. အရင်ဆုံး အရသာနယ်ထားသောငါးကို ဂျုံမှုန့်နှင့် ခပ်ဖွဖွ လူးပေးပါ
  6. ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥထဲမှာ နှစ်ပေးပါ
  7. ကြက်ဥထဲ နှစ်ပြီးတာနဲ့ bread crumbs ထဲမှာ ခပ်ဖွဖွ လူးပေးပါ
  8. အောက်ချေမကပ်သော ဒယ်အိုးတလုံးကို ဆီအပူပေးပြီး ဆီပူလာပါက မီးကို အနေတော် လျှော့ပြီးမှ ငါးအသားတုံးကို တတုံးခြင်း ထည့်ကြော်ပေးပါ
  9. တဖက်ရွှေဝါရောင် သန်းလာရင် နောက်တဖက် လှန်ပေးပြီး နောက်တဖက်ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  10. ဆီစစ်သွားပါက ငါးကြော်မွှေးမွှေးလေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment