Tuesday, 19 July 2016

အိန္ဒိယစတိုင်လ် ကြက်​ဥ ချဉ်​ရည်​ဟင်း




ကြက်ဥချဉ်ရည်ဟင်း ချက်မယ်စိတ်ကူးမိတော့ အိမ်ချက်ချက်နည်းထဲက ပြောင်းထွက်ပြီး ဘယ်လိုလေး ချက်ရင်ကောင်းမလဲ စဉ်းစားကာ ချက်နည်းအသစ်လေး ဘာလေး တွေ့လိုတွေ့ညား ယူကျူ့မှာ လိုက်ကြည့်ပြီး အိန္ဒိယစတိုင် ချက်နည်းတွေ့တာနဲ့ ချက်နည်းယူကာ ချက်လိုက်ပါတယ်။

ချက်ကြည့်ပြီး စားလို့ကောင်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ် မူရင်းချက်နည်းကိုတော့ facebook မှာ share ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၅လုံး
  • အာလူး - အနေတော် ၄လုံး
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး
  • ခရမ်းချဉ်သီး - ready made လှီးပြီးသားဗူး  200ml (သို့မဟုတ်)
  • ခရမ်းချဉ်သီး - အနေတော် ၅လုံး
  • နံနံစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
  • ကရဝေးရွက် - ၂ရွက်
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • Ghee ကုလားထောပတ် - ထမင်းစားဇွန်း တဇွန်း
  • ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
  • မုန့်ညှင်းစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးအခြောက်တောင့် - ၅တောင့်
  • ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၃တောင့်
  • နံနံပင် - အနည်းငယ်
  • ဒိန်ချဉ် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆီ – ထမင်းစားဇွန်း ၃ ဇွန်း 
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း 
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ရေ -၂ခွက်ခွဲ
ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင်ပြုတ်ပြီး အခွံခွာ၍ ပါတ်ပါတ်လည် ၄ချက်လောက် မွှန်းထားပါ
  • အာလူးကို နူးအောင်ပြုပ်ပြီး အခွံခွာကာ အနေတော် အတုံးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ 
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးကို သုံးမည်ဆိုပါက နူးအောင်ပြုပ်ပြီး အခွံခွါကာ ခပ်သေးသေးလေးတွေ လှီးထားပါ
  • Ready made လှီးပြီးသား ခရမ်းချဉ်သီး ဗူးသုံးပါက အဆင်သင့် ပြင်ထားပါ
  • နံနံပင်ကို  အနေတော်အရွယ် လှီးထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတလုံးမှာ ဆီနှင့် ကုလားထောပတ်ကို အပူပေးပါ
  • ဆီပူလာလျှင် နံနံစေ့ ဇီယာစေ့ နှင့် မုန်ညင်းစေ့ကိုထည့်ပြီး အနည်းငယ် အပူပေးပါ
  • အစေ့များ ဆီအိုးထဲမှာ အနည်းငယ် ပေါက်လာတာနဲ့ နနွင်းမှုန့် နှင့် ကရဝေးရွက်ကို ထည့်ပြီး ၃ချက်လောက် မွှေပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကိုထည့်၍ နွမ်းသွားတဲ့အထိ မွှေပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ငရုတ်သီး အရောင်တင်မှုန့် ခရမ်းချဉ်သီးထည့်ကာ ခရမ်းချဉ်သီးများ နွမ်းသွားအောင် မွှေပေးပါ
  • ခရမ်းချဉ်သီး နွမ်းလာတာနဲ့ ဒိန်ချဉ်ထည့်ပြီး  တမိနစ်ခန့် မွှေပေးပါ
  • ပြီးတာနဲ့ ငရုတ်သီး အခြောက်တောင့် ရေ အချိုမှုန့်နှင့် ဆားထည့်ကာ အိုးအဖုံး ဖုံးပြီး ရေဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ လှီးထားသော အာလူးပြုပ်နှင့် ကြက်ဥပြုတ် ထည့်ကာ အိုးအဖုံး ဖုံးပြီး ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့ နံနံပင်ထည့်မွှေပြီး မီးပိတ်၍ အိန္ဒိယစတိုင် ဒိန်ချဉ်ကြက်ဥ ချဉ်ရည်ဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment