Saturday, 16 July 2016

ငါး တန်ပူရာမုန့်နှစ်လူး နှမ်းထောင်းကြော်




ဒီတခါတော့ ဘာဆာငါးကို တန်ပူရာမှုန့်နှစ်နဲ့ နှမ်းထောင်းလေးလူးပြီး ကြော်ထားပါတယ် တန်ပူရာမှုန့်တွေက တံဆိပ်အမျိုးမျိုးရှိသလို မုန့်နှစ်စပ်ပုံလဲ အမျိုးမျိုးရှိကြပါတယ် ဒီတခါတော့ ပုံမှာပြထားတဲ့ တန်ပူရာမှုန့်ကို ကိုယ်လိုချင်တဲ့ အနေအထားရအောင် ရေနဲ့ရောစပ်ပြီး ကြော်ထားတာမို့လို့  ကြွတ်ကြွတ်ရွရွ မွှေးမွှေးလေးနဲ့ စားလို့ကောင်းလွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ဘာဆာငါး - 250g
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • လှော်ထားသော နှမ်းမည်း - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • Lemon Pepper - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • Lemon Pepper မရှိပါက သံပုရာရည် ထမင်းစားဇွန်းတ၀က်နဲ့ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ရောနယ်ပေးပါ
  • ဆီ - လက်ဖက်အကြမ်းပန်းကန် နှစ်လုံး
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
  • ရေ - မုန့်နှစ်ခပ်ပျစ်ပျစ်ဖြစ်အောင် ရေကိုနည်းနည်းခြင်း ထည့်မွှေပြီး ခပ်ပျစ်ပျစ် အနေအထား ရအောင်ဖျော်ရန်
ပြင်ဆင်ပုံ
  • ဘာဆာငါးကို ရေဆေးပြီး ရေခြောက်အောင် Paper Towel နှင့်ခပ်ဖွဖွ သုပ်ပေးပါ
  • ရေခြောက်သွားပါက ဆား အရသာမှုန့် lemon pepper တို့နဲ့အရသာဝင်အောင် ခပ်ဖွဖွ ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • နှမ်းလှော်ကို အရမ်းကျေမသွားစေရန် ခပ်ဖွဖွထောင်းပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • အရသာနယ်ပြီးပါက ရေဖျော်ထားသော တန်ပူရာမုန့်နှစ်ထဲမှာ ငါးကိုတတုံးခြင်းယူကာ လူးပေးပြီး နှမ်းထောင်းကို ဖြူးပေးပါ
  • အောက်ချေမကပ်သော ဒယ်အိုးတလုံးကို ဆီအပူပေးပြီး ဆီပူလာပါက တန်ပူရာမုန့်နှစ် လူးထားသော ငါးကို ထည့်ကြော်ပေးပါ
  • တဖက်ရွှေဝါရောင် သန်းလာရင် နောက်တဖက်လှန်ပေးပြီး နောက်တဖက်ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နှမ်းလှော်နံ့ သင်းသင်းလေးနှင့် ငါးကြော်မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment