Wednesday 27 July 2016

ငါးဟင်း ဆီလည်ရေလည်


ချဉ်ငံစပ် အရသာအစုံပါတဲ့ ငါးဟင်းဆီလည်ရေလည်ချက်ပြီး ထမင်းပူပူလေးနဲ့စားရလေအောင် ဒီနေ့တော့ ငါးဟင်းတမယ် ပြင်ဆင်မိပါတယ် အရိုးကြောက်သူတွေအတွက် အသားနွှင်ရလွယ်အောင် ငါးကို ခပ်ထူထူတုံးပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးတကောင် - 500 g (ပင်လယ်ငါးကို သုံးထားပါတယ် )
  2. သံမယိုသီး - တစ်လုံးနှင့်တစ်ခြမ်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း ( ငါးအရသာနယ်ရန်နှင့် ဟင်းအိုးထဲထည့်ရန်)
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက် (ဟင်းအိုးထဲထည့်ရန်)
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. ကြက်သွန်နီ - ဉအသေး ၅လုံး
  12. ကြက်သွန်နီ - အနေတော် တစ်လုံး
  13. ငရုတ်သီး အရောင်တင်မှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ချင်း - လက်တစ်ဆစ်ခန့်
  15. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ
  • ငါးကို အကြေးခွံခွာပြီး အူကလီစာများ ထုတ်ကာ ခပ်ထူထူပိုင်းပြီး ရေစင်အောင်ဆေးပါ
  • ငါးကို ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်နှင် သံပုရာညှစ်ကာ ဖိဖိပြီး ဆုတ်ဆုတ်နယ်ပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီးရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းပေးထားပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
ငရုတ်သီးဆီသတ်ရန်
  • ဇောက်နက်သော အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ ဆီပူလာပါက ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ငရုတ်သီးဆီသတ်နံ့ သင်းလာတာနဲ့ အရသာနယ်ထားသောငါးကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် ငါးကို ၂ချက် ၃ချက်လောက် အထက်အောက် မွှေပေးပါ
  • ငါးလုံးမိတာနဲ့ ကြက်သွန်နီအလုံးလိုက်နှင့် ငါးကိုရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ ဆက်တည်ပေးပါ 
  • ရေပွက်ပွက်ဆူလာပါက ငံပြာရည်နှင့် အချိုမှုန့်ထည့်ပေးပါ
  • ကြက်သွန်နီအလုံးများ နူးလာတာနဲ့ ခရမ်းချဉ်သီးကို လေးစိတ်စိတ်ပြီး အိုးထဲထည့်ပေးပြီး ဆက်တည်ပါ
  • ရေအနေတော်ထားပြီး ခရမ်းချဉ်သီး နွမ်းလာတာနဲ့ အရသာမြည်းပြီး အပေါ့အငံ လိုသလိုပြင်ပေးကာ စားသုံးရန် ပြင်နိုင်ပါပြီ။

No comments:

Post a Comment