Tuesday, 26 July 2016

ပုန်းရည်​ကြီး ထမင်းသုပ်




ဒီနေ့တော့ ပုန်းရည်ကြီးသုပ်နဲ့ ထမင်းကို နယ်ဖတ်ပြီး စားချင်နေတာနဲ့ ချဉ်ငံစပ်လေး သုပ်စားဖြစ်လို့ ထမင်းသုပ် သုပ်နည်းလေး လွယ်ကူလွန်းပေမဲ့ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုန်းရည်ကြီး - တထုတ်
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်းမောက်မောက် သုံးဇွန်း
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်း - စားနိုင်သလောက် ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်ုး
  • ပဲဆီ - ထမင်းစားဇွန်း ၁၀ဇွန်း
  • ငါးငပိအနှစ် - ထမင်းစားဇွန်း ၂ဇွန်း  (ငါးပိရည်ကျိုရန်)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ(   ။         )
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်(        ။     )
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်( ငါးပိရည်ဖျော်ရန်)
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တဇွန်း (       ။    )
  • ချက်ပြီးသားထမင်း - လိုသလောက်

ငါးပိရည်ကျိုရန်
  • ငါးငပိအနှစ်ကို ဆား နနွင်းနှင့် ရေသင့်ရုံထည့်ပြီး ကျိုပေးပါ
  • ရေပွက်ပွက်ဆူလာပါက ၃မိနစ်လောက် ကျိုပေး၍ ပန်းကန်တခုထဲ အရိုးများ မပါအောင် ပြောင်းထည့်ပါ
  • ကျိုထားသော ငါးပိရည် ပန်းကန်ထဲသို့ ငရုတ်သီးအလှော်မှုန့်နှင့် အချိုမှုန့်ထည့်ပြီး မွှေပေးထားပါ
ပုန်းရည်ကြီးသုပ်ရန်
  • ဇလုံတလုံးထဲမှာ ပုန်းရည်ကြီးနှင့် ပါးပါးလှီးထားသော ငရုတ်သီးစိမ်း ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးအလှော်မှုန့် ပါးပါးလှီးထားသော ကြက်သွန်နီ အချိုမှုန့် ဆီတို့ထည့်ပြီး သမအောင် ဇွန်းနဲ့နယ်ပေးပါ
ပုန်းရည်ကြီး ထမင်းသုပ်ရန်
  • ဇလုံတလုံးထဲမှာ ထမင်းချက်ပြီးသာ တရုတ်ဟင်းပြင်ပန်းကန် အလတ်တလုံးစာနှင့် ပုန်းရည်ကြီးသုပ် ထမင်းစားဇွန်း ၃ဇွန်း ငါးပိရည် ထမင်းစားဇွန်း တဇွန်းတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ပုန်းရည်ကြီး ထမင်းသုပ် မွှေးမွှေးစပ်စပ်လေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment