Monday 23 May 2016

ရွှေဖရုံသီးကြော် ချိုချိုလေး


ရွှေဖရုံသီးကြော် ချိုချိုလေး ကြော်စားဖြစ်တိုင်း ထမင်းလွတ်လိုလိုကို စားဖြစ်တတ်လို့ အမြဲတမ်း ပိုပိုပြီး ကြော်ရပါတယ် ကြော်နည်းလေးက လွယ်လွန်းပါတယ် စားချင်စိတ်ပေါ်လာရင် ကြော်စားနိုင်အောင်အတွက် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရွှေဖရုံသီး - လက်ငါးလုံးခန့်အထူ တစ်စိတ်
  2. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်ဥ - တစ်လုံး

ပြင်ဆင်ပုံ
  1. ရွှေဖရုံသီးကို အစေ့များထုတ်၍ အခွံခွာပြီး လက်နှစ်လုံးလောက် အနေတော်လေးတွေ လှီးပေးပါ
  2. လှီးထားသော ရွှေဖရုံသီးများကို ရေဆေးပြီး ရေစစ်ထားပါ
  3. ဒယ်အိုးတလုံးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  4. ဆီအငွေ့တက်လာတာနဲ့ ရွှေဖရုံသီး ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး မွှေပေးပါ
  5. အရသာများ သမသွားအောင် မွှေပြီးတာနဲ့ ရွှေဖရုံသီးများကို နွမ်းအောင်ခနထားလိုက်ပါ
  6. ရွှေဖရုံသီးများ အိုးမကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  7. ရွှေဖရုံသီး အားလုံးနွမ်းတာနဲ့ ဘေးကိုခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပါ
  8. ကြက်ဥကို ချေလိုက်ပြီးတာနဲ့ ရွှေဖရုံသီးနှင့် ရောမွှေပေးပါ
  9. ကြက်ဥများကျက်တာနဲ့ ရွှေဖရုံသီးကြော် ချိုချို မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment