နေ့လည်နေ့ခင်း အစာပြေ အာလူးကြော် ကြွတ်ကြွတ်မွမွလေး စားရလေအောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အာလူး - ခပ်ကြီးကြီး ၂လုံး
- အကြော်မှုန့် - ထမင်းစားဇွန်း ၃ဇွန်း မောက်မောက် (မည်သည့်အကြော်မှုန့်မဆို သုံးနိုင်ပါတယ်)
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် ၂လုံး
ပြင်ဆင်ပုံ
- အာလူးကို အခွံခွာပြီး ပုံပါအတိုင်းလှီးကာ ရေ၂ခါလောက်ဆေးပြီး ရေစစ်ထား
- အကြော်မှုန့်ကို ရေနှင့် ခပ်ပြစ်ပြစ် အနေအထား ရအောင် ဖျော်ပေးပါ
- မုန့်နှစ်အနေအထား ခပ်ပျစ်ပျစ်ရလာတာနဲ့ ဆား ငရုတ်ကောင်းမှုန့် အရသာမှုန့် အာလူးနှင့်ရောနယ်ပေးပါ
- ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ အာလူးမုန့်နှစ်လူးကို ထမင်းစားဇွန်း တဇွန်းစာထည့်ပြီး ကြော်ပေးပါ
- တဖက်ရွှေအိုရောင်သန်းလာတာနဲ့ နောက်တဖက်ကို လှန်ပြီးဆက်ကြော်ပေးပါ
- နှစ်ဖက်လုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်တာနဲ့ နှစ်သက်ရာအချဉ်နဲ့ တွဲဖက်ပြီး စားနိုင်ပါပြီ။
No comments:
Post a Comment