ထမင်းနဲ့ဘဲဖြစ်ဖြစ် ပေါင်မုန့်နဲ့ဘဲဖြစ်ဖြစ် လိုက်ဖက်လွန်းတဲ့ ကျူနာငါး ဆီပြန်ဟင်းလေး ဒီနေ့ချက်ဖြစ်သွားပါတယ် ကိုယ့်စိတ်ကူးနဲ့ကို မြန်မာမှုပြုကာ ချက်ထားပြီး ချက်နည်းက အရမ်းလွယ်ပေမဲ့ စိတ်ကူးရသလို ချက်နိုင်ဖို့အတွက် မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကျူနာဗူး - အသေးနှစ်ဗူး
- အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက်လှီးထားသော ကြက်သွန်နီ - ကြီးကြီး တလုံး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
- ထက်ဝက်ခြမ်းကာ လှီးထားသော ခရမ်းချဉ်သီး - နှစ်လုံး
ပြင်ဆင်ပုံ
- ကျူနာဗူးကို ဖောက်ထားပါ
- ဆီကိုအပူပေးပြီး ကြက်သွန်နီကို နွမ်းအောင်ကြော်ပေးပါ
- ကြက်သွန်နီ နွမ်းတာနဲ့ခရမ်းချဉ်သီးကို ကျေသွားတဲ့ထိ ကြော်ပေးပါ
- ခရမ်းချဉ်းသီးများ ကျေသွားတာနဲ့ ဖောက်ထားသော ကျူနာငါးအသားများနှင့် ဆားတို့ထည့်ပြီးမွှေပေးပါ
- ခရမ်းချဉ်သီး အရည်များခမ်းလာပြီး ငါးအသားများ ဆီပြန်လာတာနဲ့ ဟင်းပွဲပြင်ပေးနိုင်ပါပြီ
- ပေါင်မုန့်ထမင်းတို့နဲ့ နှစ်သက်သလို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment