Saturday 21 May 2016

ကြက်သားကင်






ဒီတခါတော့ အပျင်းလဲပြေစေ စားချင်တာလေးလဲ စားလို့ရစေဆိုပြီး မြေပဲဆော့ ဘာဘီကျူးအနှစ်လေးနဲ့ ကြက်သားကင်ပါတယ် အကင်အစာတွေက ကျန်းမာရေးနဲ့ မညီမညွတ်လို့ အမြဲတမ်းတော့ လုပ်မစားဖြစ်ပါဘူး။

တခါတလေမှသာ လုပ်စားဖြစ်တာမို့ မွှေးပြီးအရသာရှိလွန်းတဲ့ ကြက်သားကင်လေးကို တခါတလေတော့ ကင်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား  - 350 g
  2. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၂ဇွန်း
  3. အုန်းနို့ - ထမင်းစားဇွန်း ၃ဇွန်း
  4. သံပုရာရည် ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. သစ်ရွက်ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. သံလွင်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (သံလွင်ဆီမရှိက တစ်ခြားဆီကို သုံးနိုင်ပါတယ်)
  7. ready made မြေပဲဆော့ - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်


ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ပုံပါအတိုင်း တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ပဲငံပြာရည် အုန်းနို့ သံပုရာရည် သံလွင်ဆီ အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  3. မကင်ခင် ရေ၃နာရီလောက် စိမ်ထားသော အကင်ဝါးချောင်းလေးတွေမှာ အသားတုံးလေးတွေကို ထိုးပေးပါ
  4. ဘာဘီကျူး အကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်သုပ်ပေးပါ
  5. အကင်အိုးမရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတလုံးကို အသုံးပြုပြီး ကင်ပေးပါ
  6. ဆီပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ကြက်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
  7. ကြက်သားကို ၃မိနစ်လောက် အပူပေးပြီး ကြက်သား အပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပါ
  8. နောက်တဖက်ကိုလဲ ၃မိနစ်လောက် ကင်ပေးပြီးရင် ကြက်သားကင် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment